မြန်မာနိုင်ငံမှာ Covid19 ရောဂါပိုးစစ်ဆေးတွေ့ရှိမှုပြန်လည်များပြားလာ  

ဖေဖော်ဝါရီ ၉ ၊ ရန်ကုန် 

စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့  ဖေဖော်ဝါရီလ ၈ ရက်နေ့ည Covid19 ရောဂါပိုးစစ်ဆေးတွေ့ရှိမှု စာရင်းတွေအရ ကူးစက်သူ ​(၁၁၄၅) ဦးထိရှိလာခဲ့တယ်လို့ သိရပါတယ်။ 

ကူးစက်မှု ရာခိုင်နှုန်းကလည်း 4.5 ရာခိုင်နှုန်းထိရှိလာခဲ့ကြောင်း ကျန်းမာရေးဌာနက ဆိုပါတယ်။ 

ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေစ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှုတွေက မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ စာရင်းမှတ်တမ်းအရ တစ်ရက် စစ်ဆေးတွေ့ရှိမှု ၃ ရာဝန်းကျင်ကနေ တစ်ရက် ငါးရာကနေ တစ်ထောင်ကျော်အထိ တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးက တမူး ၊ ကလေး စတဲ့မြို့နယ်တွေက အိုမီခရွှန်ရောဂါပိုးပျံ့နှံ့နေပြီး ရက်ပိုင်းအကြာမှာပဲ ရန်ကုန်တိုင်း နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှု များပြားလာခဲ့တာလည်းဖြစ်ပါတယ်။ 

ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်တဲ့ ဟုမ္မလင်းမြို့မှာလည်း ကိုဗစ်ရောဂါပိုးဒီရက်ပိုင်း ပြန်လည်တွေ့ရှိလာခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါမှ မြို့ကို ဖြတ်သန်းသွားလာခွင့်ပြုမယ်လို့လည်း ကြေညာထားပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားတဲ့အချိန်ကနေစ ဒီနေ့အထိ ကူးစက်သူ  ငါးသိန်းသုံးသောင်းကျော်ရှိပြီး သေဆုံးသူ တစ်သောင်းကိုးထောင်ကျော်ရှိကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *