မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များကိုပြည်ထောင်စုနေ့တက်ရောက်ဖို့ဖိတ်ခေါ် 

ဖေဖော်ဝါရီ ၉ ၊ ရန်ကုန် 

ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ကျရောက်မယ့်  (၇၅) နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် စစ်ကောင်စီက ဖိတ်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)ကလည်း ပြန်လည်ဖိတ်ကြားမှု ပြုလိုက်ပါတယ်။ 

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)​က ဒီနေ့ ဖေဖော်ဝါရီ (၉)ရက်နေ့ ရက်စွဲနဲ့ ဖိတ်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။ 

ဒီဆွေးနွေးပွဲမှာ ကြိုတင် ကန့်သတ်မထားတဲ့ဆွေးနွေးပွဲဖြစ်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။ 

စစ်ကောင်စီက ဒီပွဲကို ၎င်းတို့မီဒီယာတွေဆီကနေတဆင့် ဖိတ်ကြားမှုမျိုးပဲဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို စာပေးပို့ ဖိတ်ကြားမှုမဟုတ်ကြောင်း စုံစမ်းသိရှိရပါတယ်။ 

ပြည်တွင်း မီဒီယာတွေမှာတော့ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းအများစု တက်ရောက်မှာ မဟုတ်တဲ့အကြောင်းပြောဆိုထားကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *