မြန်မာနိုင်ငံသားများကို အမေရိကန်မှာ ယာယီနေထိုင်ခွင့် (TPS) ပေးထားမှုကို ရပ်စဲ 

နိုဝင်ဘာ ၂၅ ၊ ဝါရှင်တန် 

မြန်မာနိုင်ငံသားတွေကို  Temporary Protected Status – TPS အရ ပေးထားတဲ့ အမေရိကန်နိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ကို ရပ်စဲတော့မှာဖြစ်တယ်လို့ အမေရိကန်က မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကြေညာလာပါတယ်။

နိုင်ငံ၏ အခြေအနေများကို ပြန်လည်သုံးသပ်ပြီး သင့်လျော်သော အမေရိကန်အစိုးရအေဂျင်စီများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်၊ မြန်မာနိုင်ငံသည် ယာယီကာကွယ်စောင့်ရှောက်ရေးအဆင့်အတန်းအတွက် သတ်မှတ်ခြင်းအတွက် အခြေအနေများနှင့် ဆက်လက်ကိုက်ညီတော့မည် မဟုတ်ကြောင်း အတွင်းရေးမှူးက ဆုံးဖြတ်ခဲ့သည်” ဟု စာရွက်စာတမ်းတွင် ဖော်ပြထားပါတယ်

ဒီနေ့အင်္ဂါနေ့ကစလို့ TPS ရပ်စဲလိုက်ပြီးနောက်မှာ  ရက်ပေါင်း ၆၀ လာမယ့် ၂၀၂၆ ဖေဖော်ဝါရီလမှာ အကျိုး သက်ရောက်မှာ ဖြစ်တယ်လို့ဆိုထားပါတယ်။ 

အမေရိကန်ရဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုအရ မြန်မာစစ်တပ်က ဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာ ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီရရှိခဲ့တာနဲ့  သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိလာကြောင်း ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံသား ၄၀၀၀ ဝန်းကျင်စာ မလုံခြုံတာကြောင့်  နိုင်ငံခြားသားများအတွက် တရားဝင်လူဝင်မှုကြီးကြပ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ယာယီကာကွယ်စောင့်ရှောက်ရေးကိုရရှိထားတာဖြစ်ပါတယ်။

သူတို့တွေဟာ  ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ခဲ့ပေမယ့် သမ္မတဂျိုးဘိုက်ဒန်က သက်တမ်းတစ်ပြန်လည်တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *