မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စု ရေးရာ ဥက္ကဌဟောင်း ဦးစိုင်းထွန်းရင် ကွယ်လွန် 

ဇွန် ၂၁ ၊ မြစ်ကြီးနား 

မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ SEA ရဲ့  ဥက္ကဌဟောင်းဖြစ်တဲ့ ဦးစိုင်းထွန်းရင်က ဒီနေ့ဇွန်လ (၂၁) ရက်နေ့ မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ 

“ ဒီနေ့ ညနေမှာပဲ ဆုံးသွားတယ်။ သူ့အိမ် နောင်ခမ်း ရှမ်းရွာမှာပဲဆုံးတာ ၊  ဘာရောဂါနဲ့ ပြောရမလဲ ရောဂါဖြစ်နေတာတော့ကြာပြီ သုံးလေးနှစ်ရှိပြီ။ ရှမ်းရေးရာမှာ တူတူလုပ်ခဲ့ကြတော့  ဘယ်သူမဆို ဒီလမ်း ကြောင်းကတော့ တစ်ရက်မဟုတ်တစ်ရက်ကတော့ မလွတ်ဘူးလေနော့်၊ နှမျှောတာလေနော့် စိတ်မကောင်းဘူးဖြစ်တာပေါ့” လို့  SEA ဥက္ကဌဟောင်းဖြစ်ခဲ့သူ ဦးစိုင်းစန်းဝေက ပြောပါတယ်။ 

မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများရေးရာ ၂၀၁၃  စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ကေအိုင်အေရဲ့ ကချင်ပြည်နယ်အတွင်းက ရှမ်းလူမျိုးအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုထောက်ပြ ဝေဖန်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် KIA အဓမ္မ စစ်သားစုဆောင်းခံရတဲ့ ရှမ်းလူမျိုးများပြန်လည်လွတ်မြောက်ရေးတွေကိုလည်း ဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်တယ်လို့ ရှမ်းအသိုင်းအဝိုင်းကြားမှာ ပြောဆိုကြပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *