မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နယ်မြေအတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းနှောက်ယှက်သူများကိုအရေးယူမယ်လို့ထုတ်ပြန် 

ဇူလိုင် ၃ ၊ လားရှိုး

မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ နှောက်ယှက်သူများကို အရေးယူသွားမယ်လို့ ဇူလိုင်လ (၁) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ 

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးတာ၊  ဆက်ကြေးတောင်းတာ စတဲ့ ပြစ်မှုကျူးလွန်သူ ဘယ်သူကို မဆို ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်တာလည်းဖြစ်ပါတယ်။ 

ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်တွေနဲ့  ပတ်သက်တဲ့ ပစ္စည်းဥစ္စာတွေကို  ဥပဒေနှင့်အညီ ထိန်းသိမ်းစစ်ဆေးပြီး  နည်းမှန် လမ်းမှန်နှင့် အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သူများ၊ ရာဇဝတ်မှုကျူးလွန်သူများအား အကာအကွယ်ပေးနေသူများကိုလည်း ဖြိုခွင်းတိုက်ဖျက် အရေးယူသွားမည့်အပြင် လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မ လုပ်အားစေခိုင်းသူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ ဖြစ်တဲ့ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊နှင့် တအာင်းအမျိုးသားများတပ်မတော်(TNLA)တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ ရခိုင်ပြည်နယ်တို့မှာ တည်ရှိနေပြီး တရုတ်စီးပွားရေးစီမံကိန်းအများအပြားရှိရာ ဒေသတွေလည်းဖြစ်ပါတယ်။ 

တရုတ်စီမံကိန်းများအနီးတစ်ဝိုက်တွင် တိုက်ပွဲထိတွေ့ဖြစ်ပွားမှုတွေဟာ ထက်ဝက်(၅၀ရာခိုင်နူန်း)ကျော် လျော့ကျလာတယ်လို့ မြန်မာ့မဟာဗျူဟာနှင့်လေ့လာရေး အင်စတီကျူ့ ISP Myanmar   ရဲ့   စုစည်းထုတ်ပြန်ထားမှုအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *