မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့်စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီတို့မိုင်းလားမြို့တွင်တွေ့ဆုံဆွေးနွေးမည်

မေ ၃၁ ၊ မိုင်းလား 

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲ့နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီတို့ကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို မနက်ဖြန် ဇွန်လ (၁) ရက်နေ့တွင် ပြုလုပ်သွားမယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ 

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNTJP/MNDAA ၊ ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး/တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၊ ရခိုင့်တပ်တော် ULA/AA တို့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ဟာ အထူးဒေသ (၄) မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးကြေမှာပဲဖြစ်ပါတယ်။ 

ဒီတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက် တရုတ်နိုင်ငံက  ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ဖြင်းဖြစ်ကြောင်း ဆိုထားပါတယ်။ 

၎င်းဆွေးနွေးပွဲဖြစ်မြောက်ရေးတွက် အဓိကကူညီဆောင်ရွက်ပေးတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်သည်လည်း မိုင်းလားမြို့သို့ရောက်ရှိနပြီလို့လဲ ဖော်ပြပါရှိပြီး ရှမ်းပြည်အရှေ့ အထူးဒေသ ၄ ဘက်မှ နေထိုင်စားသောက်မှုနဲ့ လုံခြုံရေးများကို တာဝန်ယူဆောင်ရွက်သွားမှာလို့လဲ ဆိုထားပါတယ်။ 

ရှမ်းအရှေ့ပိုင်းသတင်းများကို ထုတ်ပြန်နေတဲ့ Wa News မှာလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (၃) ဖွဲ့၏ ကိုယ်စားလှယ်များက မေလ ၃၀ ရက်နေ့တွင် မိုင်းလားမြို့ကို ရောက်ရှိနေပြီ သတင်းမှတ်တမ်းဓာတ်ပုံတွေထုတ်ပြန်ခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *