မွန်းမံသင်တန်းတက်ပြန်လာသည့် ဆရာ/ဆရာမ(၂၃)ဦးကို  KIA+PDF ပူးပေါင်းတပ်ဖွဲ့များကဖမ်းဆီးပြီးနောက်ပြန်လွှတ်ပေးခဲ့ 

ဝှေခါလမ်းပိုင်းတစ်နေရာကိုတွေ့ရစဉ်

ဧပြီ ၃ ၊ ဖားကန့် 

ဖားကန့်-အင်းတော်ကြီးသွားလမ်းပိုင်း  မကပင်းကျေးရွာနှင့် ၆ မိုင်အကွာ ဝှေလုံကျေးရွာအနီးမှာ   KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဖားကန့်မြို့မှ မွန်းမံသင်တန်းတက်ပြီးပြန်လာတဲ့ ဆရာ/ဆရာမများကို  ဧပြီလ (၁)ရက်နေ့မနက်ပိုင်းတွင်း ဖမ်းဆီးခေါ်ဆောင်ထားမှုပြုလုပ်ပြီး ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။ 

အင်းတော်ကြီးဒေသ နှင့် မိုးညှင်းမြို့နယ်မှ ဒေသခံ ဆရာ/မများက  မတ်လ ၂၈ရက်နေ့မှ ၃၁ ရက်နေ့အထိ မွန်းမံတက်ရောက်ပြီးစီးပြီး ပြန်လာစဉ်   ဆရာ (၂)ဦး ၊ ဆရာမ(၂၁)ဦး စုစုပေါင်း(၂၃)ဦး ဖမ်းဆီးခံလိုက်ရတာလည်းဖြစ်ပါတယ်။ 

  “  သင်တန်းပြန်တဲ့ ဆရာ ဆရာမတွေကို ဖမ်းလိုက်တာ တစ်ချို့ကလည်းလွတ်သွားတယ်။ အမျိုးသားဆရာ(၂) ယောက်၊ (၂၁) ယောက်က အမျိုးသမီး ဆရာမ ဟုတ်တယ် တစ်ချို့ကလည်းအင်းတော်ကြီးပြန်တာပေါ့ တစ်ချို့ကလည်း မိုးညှင်းကို တစ်ချို့ကလည်း ဘီလူးမြို့ကိုပြန်ကြတာပေါ့ အေ့ဘက်ကဝန်ထမ်းတွေကို သူတို့က ဘာအကြောင်းပြဖမ်းလဲဆိုတော့ အစိုးရက စစ်သင်တန်းပေးတာပေါ့ ဆရာမတွေ စစ်သင်တန်းဆင်းလို့ပြန်တယ်ဆိုပြီးပြောတာပေါ့ ဆရာ ဆရာမတွေကို ခြေထောက်တွေလက်တွေစစ်တယ်လို့ပြောပါတယ်” ဟု ပညာရေးဌာနနှင့်နီးစပ်သူတစ်ဦးမှ ပြောပြပါတယ်။ 

 စစ်ကောင်စီ၏ စစ်သင်တန်းကို သွားရောက်တက်ရောက်မှုကြောင့် ဆရာ၊ဆရာမတွေကို ဖမ်းဆီးစစ်ဆေးတာဖြစ်သည်ဟု KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ပြောဆိုထားပါတယ်။ 

ဖမ်းဆီးမှုတွင်မပါဝင်တဲ့  ဆရာ၊ဆရာမတစ်ချို့က ဖားကန့်မြို့နယ်ပညာရေးမှုးကို အကြောင်းကြားပြောဆိုရာ ပညာရေးမှူးကတဆင့်  ဆပ်ပြာချောင်း ဆရာတော်နှင့် မှော်ကလုံကျေးရွာ ဥက္ကဌများကို အကူအညီတောင်းခံပြီး ဆရာတော်များက ပူးပေါင်းတပ်ဖွဲ့များကို သွားရောက်တောင်းပန်သောကြောင့် ၁ရက်နေ့ ညနေပိုင်းမှာပင် အားလုံးကို ပြန်လည်လွှတ်ပေးခဲ့တာပဲဖြစ်ပါတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *