မှော်စီစာကျေးရွာရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ဦးခေါင်းကိုသေနတ်ဖြင့် တေ့ပစ်သတ်ခံရ 

 အောက်တိုဘာ ၁၂ ၊ ဖားကန့် 

ဖားကန့်မြို့နယ် လုံးခင်ကျေးရွာအုပ်စု မှော်စီစာကျေးရွာအတွင်းရှိ ကိုဖက်တီးစားသောက်ဆိုင်ပိုင်ရှင်ကို  ယနေ့ အောက်တိုဘာလ (၁၀)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် လူနှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်သွားသည်ဟု ဒေသခံများထံမှ သိရပါတယ်။ 

  “ ဘယ်လိုဖြစ်တာလဲဆို ဆိုင်ထဲမှာသူက ဖိုင်ဘာခုံလေးပေါ်မှာ ငုတ်တုတ်ထိုင်နေတာ အေ့အချိန်မှာ သေနတ်သမားနှစ်ယောက်က ဆိုင်ကယ်ရပ်ပြီးတော့ ဆိုင်ထဲကိုဝင်လားပြီး သူ့ကိုခေါင်းတေ့ပစ်သွားတာပဲ” ဟု ဖြစ်စဉ်ကို သိရှိသူ ကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

၎င်းပိုင်စားသောက်ဆိုင်အတွင်း ရှိနေစဉ် လူနှစ်ဦး၏ လာရောက်ပစ်သတ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဦးခေါင်းကို နှစ်ချက်ပစ်ခတ်သွားတာဖြစ်သည်ဟု ဆိုပါတယ်။ 

အသတ်ခံရသူက ကိုဖက်တီး(ခေါ်) အောင်မြင့်သိန်းအမည်ရှိ အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်တွင် သေဆုံးသူ၏အလောင်းကို လုံးခင်းကျေးရွာ သုဿန်ဇရပ်တွင် ပြောင်းရွှေ့ထားရှိပြီးဖြစ်သည်ဟု ဆိုပါတယ်။ 

  “ ဒီမှာက သူတို့က ပြောရမယ်ဆို လူ့အသက်ကို တိရစ္ဆာန်အသက်လောက်ကို တန်ဖိုးမထားဘူးဖြစ်နေတယ် ကြောက်စရာကောင်းတယ် သေနတ်နဲ့ပဲဖြေရှင်းနေကြတာ” ဟု လုံးခင်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။ 

  ၎င်းအသတ်ခံရခြင်း၏ အကြောင်းအရင်းကို မသိရှိရဘဲ ပုဂ္ဂိုလ်ရေးပဋိပက္ခများကြောင့်ဟု ရပ်ကွက်တွင်းပြောဆိုမှုတွေရှိနေသလို ကျူးလွန်သူများကိုလည်း ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *