ရုရှားနိုင်ငံသို့  မြန်မာအလုပ်သမားတွေ စတင်ပို့ဆောင် 

မတ် ၆ ၊ ရန်ကုန်

မြန်မာအလုပ်သမားတွေကို ရုရှားနိုင်ငံသို့ စတင်ပို့ဆောင်သွားမယ်လို့ ကြေညာပြီး နှစ်ပတ်နီးပါးအကြာမှာပဲ အလုပ်သမား ၂၄ ဦးကို မနေ့ကစလို့ စေလွှတ်လိုက်တယ်လို့ မြန်မာ့အလင်းသတင်းစာမှာဖော်ပြလာပါတယ်။ 

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့  အလုပ်ကိုင်အခွင့်အလမ်းသစ်များရှာဖွေနိုင်ရေးအတွက် စေလွှတ်တာဖြစ်ပြီး ကနဦး လက်ရှိ ၂၄ ဦးကိုတော့ Pilot Project နဲ့ စေလွှတ်လိုက်တာလို့ပြောပါတယ်။ 

ရုရှားနိုင်ငံ Joint-stock ကုမ္ပဏီထံကို ကျွမ်းကျင်လုပ်သား ၅၄ ဦးအနက်မှ ၂၄ ဦးကို စတင်ပို့တာလို့ဆိုပါတယ်။ 

စစ်ကောင်စီဥက္ကဌဟာလည်း ရုရှားနိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံက စီးပွားရေးကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် ရုရှားကိုတောင်းဆိုမှုတွေရှိပြီး နားလည်မှု စာချွန်လွှာ ၁၀ ခုကို ရုရှား-မြန်မာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့က စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းများတို့ ဆွေးနွေးခဲ့ကြကြောင်း သတင်းစာကနေ သိရပါတယ်။

ဆွေးနွေးပွဲမှာ သွားရောက်မယ့်အလုပ်သမားများရဲ့ ကျွမ်းကျင်မှုအလိုက် လုပ်ခလစာများရရှိနိုင်ရေး၊ မြန်မာနိုင်ငံသို့လွှဲပို့ငွေများစနစ်တကျဖြစ်စေရေးတို့အပါအဝင်  အချက်အလက်အများအပြားပါဝင်ခဲ့ကြောင်း ထုတ်ပြန် ဖော်ပြထားပါတယ်။

ပြည်တွင်းမီဒီယာတစ်ချို့မှာတော့ အလုပ်သမားတစ်သောင်းခန့်ကို အထည်ချုပ်နဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရုရှားနိုင်ငံဘက်မှ စစ်ကောင်စီကို တောင်းဆိုခေါ်ယူလိုခြင်းများရှိကြောင်း  ဆိုကြပါတယ်။

နေပြည်တော်မှာ မကြာသေးမီဖေဖော်ဝါရီ(၂၃)ရက်နေ့က  စစ်ကောင်စီခေါင်းဆောင်နဲ့  ရုရှားအစိုးရတို့ ကုန်သွယ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးပြီးတဲ့နောက် အခုလိုကျွမ်းကျင်လုပ်သားရုရှားနိုင်ငံကို ပို့ဆောင်ဖို့ ဆွေနွေးလာကြောင်း သိရပါတယ်။

လက်ရှိတွင်  MOU စနစ်နဲ့ နိုင်ငံ

လက်ရှိတွင်  MOU စနစ်နဲ့ နိုင်ငံခြားသို့  အမျိုးသားလုပ်သားများ ပြင်ပနိုင်ငံတင်ပို့မှုတွေကို စစ်ကောင်စီက ပိတ်ပင်ထားဆဲလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *