ရုရှားနှင့်ဘီလာရုစ်နိုင်ငံတွေက နိုင်ငံရေးအရ ခိုင်ခိုင်မာမာထောက်ခံမှု ရရှိခဲ့တယ်လို့ စစ်ကောင်စီဆို

မတ် ၁၀ ၊ နေပြည်တော် 

ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံတွေဟာ စစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေမှာ ခိုင်ခိုင်မာမာဆက်လက်ထောက်ခံသွားဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ-၉ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ အာမခံချက်ရရှိခဲ့တာက၊ ရုရှားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံတွေသည် မြန်မာနိုင်ငံဘက်က ယခင်ကလည်း ရပ်တည်ပေးခဲ့တယ်။ နိုင်ငံတကာစာမျက်နှာမှာ ယခုလည်း ဆက်လက်ရပ်တည်ပေးသွားမယ်ဆိုတဲ့ ခိုင်ခိုင်မာမာအာမခံချက်ရခဲ့တယ်။” လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ  နှင့် ၂၀၂၆ ခုနှစ် အစောဆုံး ဇန်နဝါရီလ နောက်ဆုံးထားကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ရုရှားနှင့်ဘီလာရုစ်က ထဲထဲဝင်ဝင် ထောက်ခံပေးမှာဖြစ်ဖြစ်သည့်အပြင် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေပါ လွှတ်ပေးမယ်လို့လည်းဆိုပါတယ်။

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲစနစ်ကိုလိုချင်ရင် ကဏ္ဍကောစမလုပ်ဘဲ  ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့လည်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မီဒီယာတွေနဲ့မေးမြန်းမှုတွေမှာပြောဆိုခဲ့ပါတယ်။ 

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မင်းအောင်လှိုင်က ပြီးခဲ့တဲ့ သတင်းပတ်အတွင်းမှာ ရုရှားနိုင်ငံ နှင့် ဘီလာရုစ်နိုင်ငံ တွေရဲ့ တရားဝင်ဖိတ်ကြားမှုများအရ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး မနေ့က နေပြည်တော်ကို ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *