ရေနံတွင်းနဲ့ ရေနံထွက်ပစ္စည်းတွေကို NUG အခွန်ကောက်ဖို့ကြေညာ 

ရေနံတွင်းများကိုတွေ့ရစဉ်

မတ် ၁၉ ၊ မဲဆောက် 

ရေနံနဲ့ ရေနံထွက်ပစ္စည်း တွေရဲ့ အခွန်အခတွေကို ပြည်နယ်က တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ERO တွေ ၊ ပြည်သူ့ကာကွယ်ရေးတပ် နဲ့  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ကောက်ယူသုံးစွဲနိုင်တယ်လို့ NUG က မနေ့က ကြေညာခဲ့ပါတယ်။ 

ဒီလိုကောက်ယူရရှိတဲ့အခွန်အခတွေကို ကြားကာလဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်ရာမှာ အခွန််ကောက်ခံခြင်းနဲ့ မျှဝေသုံးစွဲမှုဆိုင်ရာ မူဝါဒနဲ့အညီဆောင်ရွက်ရမယ်လို့ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက လက်မှတ်ရေးထုတ်ပြန်ခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် ဇွန်လက ရေနံတွင်းတွေအတွက် မြေငှားရမ်းခတွေပေးဆောင်မှုတွေကို NUG က ကပ်ရောဂါနဲ့ ၊ သယံဇာတမှရရှိတဲ့ ရန်ပုံငွေတွေကို စစ်ကောင်စီထံမရောက်ဖို့ ကင်းလွင့်ခွင့်ပြုခဲ့ကြောင်း အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါတယ်။ 

ဒီအခွန်အခတွေကင်းလွင်ခွင့်ပေးထားရာကနေ ရေနံတွင်းတွေအများဆုံးရှိတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အားကောင်းလာလို့ ပြန်လည်ကောက်ယူဖို့ဆုံးဖြတ်တာလို့  ဝန်ကြီး ဦးစိုးသူရထွန်းက RFA သတင်းဌာနမှာ ပြောကြားထားပါတယ်။​

ဒါ့အပြင် ကျေးရွာတွေက စက်သုံးဆီဆိုင်အသေးတွေကိုလည်း လိုင်စင်ထုတ်ပေးတာ ၊  သက်တမ်းတိုးတာတွေကို ပြန်လည်ပြုလုပ်မှာဖြစ်တယ်လို့မနေ့က ကြေညာချက်မှာပါဝင်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *