ရှမ်းနီနှစ်ပါတီပူးပေါင်းနိုင်ရေးအတွက် ကျားနီပါတီက ပေါင်းစည်းရေးကော်မတီဖွဲ့စည်း


စက်တင်ဘာ ၅ ၊ မိုးညှင်း

ရှမ်းနီနှစ်ပါတီပူးပေါင်းနိုင်ရေးအတွက် ကျားနီပါတီ (TNDP) က ပေါင်းစည်းရေးကော်မတီကို စက်တင်ဘာလ (၄) ရက်နေ့က ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါင်းစည်းရေးကော်မတီကို မန္တလေးမြို့ ကျားနီပါတီ ချုပ်တွင် ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ထိုကော်မတီ၏ ဒု-ခေါင်းဆောင် ဦးစိုင်းကျော်ထွေးကပြောသည်။
“ပူးပေါင်းရေးလုပ်ငန်းစဉ်တွေကို တစ်ဖက်ပါတီက ကမ်းလှမ်းလာတဲ့အချိန်ကို ကျွန်တော်တို့လုပ်မှာ ၊ သူတို့ခေါ်လာတယ်ဆိုလို့ရင်တော့ ငြိနှှိုင်းမှာပေါ့ ” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကျားနီနှစ်ပါတီပူးပေါင်းနိုင်ရေအတွက် သြဂုတ်လ (၃)ရက်နေ့က မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ရှမ်းနီသံတော်တော်များသမဂ္ဂ အဖွဲ့၏ သြဝါဒခံယူမှုဖြင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။
ထိုညှိနှိုင်းမှုတွင် ရှမ်းနီပါတီနှစ်ခု ပူးပေါင်းရေးကို မူအားဖြင့် သဘောတူညီမှု ရရှိထားသည်။

 ၂/၂၀၁၉ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းဝေးပုံရိပ် ( Photo – ရှမ်းနီပါတီ Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *