ရွေးကောက်ပွဲကို  နိုင်ငံသားတွေကသာ အသိအမှတ်ပြုဆုံးဖြတ်ရမည်

နိုဝင်ဘာ ၁၁၊ နေပြည်တော်

အခုနှစ်ကုန်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားတွေကသာ အသိအမှတ်ပြုဆုံးဖြတ်ပေးရမှာဖြစ်ပြီး  နိုင်ငံတကာက ဝင်စွက်ဖက်မှုတွေမလိုအပ်ကြောင်း စစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ 

မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ  နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ ပတ်သက်ပြီး မည်သည့်နိုင်ငံမှ ဝင်စွက်ဖက်တာမလိုကြောင်းနဲ့ ရွေးကောက်ပွဲပျက်ပြားအောင်၊ ပြောင်းလဲအောင် လုပ်မရကြောင်း စစ်ကော်မရှင်ရဲ့ လူမှုသတင်းစာ မှာ ဒီကနေ့မနက် နိုဝင်ဘာ ၁၁ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်၊မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်ကို မြန်မာနိုင်ငံသားတွေကပဲ ဖန်တီးပိုင်ခွင့်ရှိပါတယ်၊ မြန်မာ့အရေးကို ရွေးကောက်ပွဲမဲပေးတဲ့ ကျွန်တော်တို့နိုင်ငံသားတွေကပဲ အသိအမှတ်ပြုဆုံးဖြတ်ရပါမယ်” လို့ သူကပြောပါတယ်။ 

ရွေးကောက်ပွဲ သမာသမတ်ကျစွာ ကျင်းပနိုင်ခြင်းဟာ သက်ဆိုင်ရာနိုင်ငံများရဲ့ နိုင်ငံရေးရေချိန်နဲ့ သာသက်ဆိုင်ကြောင်း ပြောဆိုထားပါတယ်။

တိုင်းရင်းသားများနဲ့ လူတန်းစားအလွှာများကို ကိုယ်စားပြုတဲ့သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရန် ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကိုအသုံးပြုဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခု ကျင်းပမဲ့ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၉၅ ဦးတို့နဲ့ စုစုပေါင်းကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်းအပိုင်း သီးခြား အလိုက်ကျင်းပသွား မှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့ ရဲ့ဝက်ဆိုက်မှာ နှစ်စဉ်အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ ၇၄ ခုမှာ ၂၂ ခုသာ တည်ငြိမ်စွာ ကျင်းပနိုင်ခဲ့ပြီး ကျန်တဲ့ပွဲတွေမှာ သပိတ်မှောက်၊ ရလဒ်အငြင်းပွား၊ ဆန္ဒပြ၊ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်းသိ ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *