ရှင်ပြုပွဲပြုလုပ်နေသည့်  နားမှော်ကျေးရွာအနီးမိုင်းပေါက်ကွဲမှုဖြစ်ပွား 

ဖေဖော်ဝါရီ ၁၀ ၊ ဗန်းမောက်

ရှင်ပြုပွဲပြုလုပ်နေသည့် ဗန်းမောက်မြို့နယ် နားမော်ကျေးရွာ  မိုင်းပေါက်ကွဲမှုတစ်ခု ဖေဖော်ဝါရီလ (၉)​ရက်နေ့ ည ၇ နှစ်နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။​

“ ခုနကလေးတင် တစ်လုံးပေါက်တယ်။ အသံက အကျယ်ကြီးပဲ​၊မြေကြီးတောင်တုန်သွားတယ် ၊ မိုင်းလား ၊  လက်နက်ကြီးလားမသိဘူး ၊ ရှင်ပြုပွဲက ဒီနေ့စတာ ၊ မနက်ဖြန် ရှင်လောင်းချမှာ “ လို့  နားမော်ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။ 

ဒီလိုပေါက်ကွဲမှုကြောင့် ပျက်စီးမှုမရှိပဲ အသံမိုင်းတာဖြစ်တယ်လို့ ပြောဆိုမှုများလည်းရှိနေပါတယ်။ 

ဒ့ါအပြင် ဗန်းမောက်မြို့နယ် မံပင် နဲ့ မံကပ်ကျေးရွာကြားကိုလည်း လူငယ်လေးဦးက အသံမိုင်းလာပစ်ပြီး ဆိုင်ကယ်နဲ့မောင်းပြေးသွားတယ်လို့ မံကပ်ဒေသခံတစ်ဦးက ဆိုပါတယ်။ 

“ မနေ့က မံပင်ကြားနဲ့ မံကပ်ရွာထိပ်ပေါ့နော့် မနေ့ညက ၇ နာရီ ၂၈ မိနစ်မှာ အသံမိုင်းတစ်လုံးပေါက်ကွဲတယ်ပေါ့နော့် ၊ ဘာမှတော့မဖြစ်ဘူး ၊ ထိခိုက်မှုတော့ဘာမှမဖြစ်ဘူး၊ ကွဲသွားတာကတော့ သူတို့ ဆိုင်ကယ်မောင်းရင်းနဲ့ မီးရှို့ပစ်သွားတာပေါ့” ဟု မံကပ်ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

နားမှော်ကျေးရွာ နဲ့ မံကပ်ကျေးရွာတို့မှာ အသံမိုင်းပေါက်ကွဲမှုတွေက ဒီတစ်ပတ်အတွင်း ၅ ကြိမ်ထက်မနည်းဖြစ်ပွားနေပြီး ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။ 

ဖေဖော်ဝါရီလကုန်မှာ ကျင်းပမယ့် အတန်းတင်စာမေးပွဲကာလမှာလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားမှာကိုလည်း ကျောင်းသား/သူ နဲ့ ဆရာ/မတွေကြား စိုးရိမ်မှုတွေက ရှိနေပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *