ရှစ်လေးလုံးစိတ်ဓာတ်  ပြန်လည်သယ်ဆောင်ဖို့လိုအပ်တယ်လို့ NUG ပြော 

ဩဂုတ် ၈ ၊ ရန်ကုန် 

ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ် ပြည့်မြောက်လာပြီဖြစ်တဲ့ ဩဂုတ်လ ၈ ရက်နေ့မှာ ရှစ်လေးလုံးစိတ်ဓာတ်တွေကို ပြန်လည်သယ်ဆောင်စွဲကိုင်ဖို့ လိုအပ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလကပြောဆိုလိုက်ပါတယ်။ 

“ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် ရှစ်လေးလုံး စိတ်ဓာတ်ကို ပြန်လည်သယ်ဆောင်ပြီး ဆက်လက်ဆွဲကိုင်ဖို့ လိုအပ်ပါတယ်။” လို့ ၎င်းကပြောဆိုခဲ့ပါတယ်။ 

NUG က အွန်လိုင်းကနေကျင်းပတဲ့  ၃၅ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့အခမ်းအနားမှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

သမိုင်းတလျောက် ဆင်နွှဲခဲ့ကြတဲ့ ဒီမိုကရေစီအရေး ၊ အာဏာရှင်စစ်နစ် အပြီးတိုင် ပျက်သုဉ်းစေရေး နှင့် လူ့အခွင့်ရေး ပြည့်ဝစွာ ရရှိရေး ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးတို့အတွက် သန္ဓိဌာန်ချ တိုက်ပွဲဝင်နေကြပြီဖြစ်တယ်လို့လဲ  NUG ရဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာပြောဆိုထားပါတယ်။ 

စစ်ရေးမျက်နှာ ၊ ဘဏ္ဍရေးစစ်မျက်နှာ ၊ နိုင်ငံခြားရေးစစ်မျက်နှာ၊ လူထုလှုပ်ရှားမှု စစ်မျက်နှာ၊ စိတ်ဓာတ်စစ်ဆင်ရေးစစ်မျက်နှာ  စတဲ့ စစ်မျက်နှာမျိုးစုံနှင့် တော်လှန်တိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်လို့လဲ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *