
စစ်အစိုးရလက်ထပ်ကတည်းက နိုင်ငံရေးရုပ်ပြောင်ကာတွန်းရေးဆွဲပြီး တော်လှန်ရေးလုပ်လာခဲ့သူ ကာတွန်းဟန်လေးက ဒီနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ နေ့လည် ၃ နာရီကျော်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။
ကာတွန်းဟန်လေး ရဲ့ အမည်ရင်းက လှမြင့်သိန်းဖြစ်ပြီး ရှမ်းပြည်နယ် နောင်မွန်မှာ မွေးဖွားခဲ့သူလည်းဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အထိ ရန်ကုန် ပန်းချီ ပန်းပုကျောင်းမှာ ပညာသင်ကြားခဲ့တာလည်းဖြစ်ပါတယ်။

၁၉၈၈ အရေးအခင်းပြီးတဲ့နောက် ထိုင်းနိုင်ငံ ချင်းမိုင်မှာ အခြေချပြီး နိုင်ငံရေးရုပ်ပြောင် ကာတွန်းများကို သတင်းစာများ ၊ ဂျာနယ်များ ၊ နိုင်ငံရေးအဖွဲ့အစည်းများအတွက်ရေးဆွဲခဲ့သူလည်းဖြစ်ပါတယ်။
သူကွယ်လွန်မှုက ရှမ်းတိုင်းရင်းသားအတွက်သာမက နိုင်ငံရေးလောက ၊ ကာတွန်းလောကအတွက်ပါ ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ပြောဆိုနေကြပါတယ်။