နိုဝင်ဘာ ၁၃ ၊ မုံရွာ
ရှမ်းနီစာပေ Grade 2 နှင့် 3 သင်ရိုးညွှန်းတမ်းကို အောက်တိုဘာလတွင် သင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီ နှင့် စစ်ကိုင်းတိုင်းဒေသကြီးထဲရှိ ရှမ်းနီစာယဉ်အဖွဲ့များက အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းနီစာပေ Grade2 နှင့် 3 ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းတွေများတွင် သင်ကြားနိုင်ရန်နှင့် ပုံနှိပ်စာအုပ်ထုတ်ဝေပေးနိုင်ရေးအတွက် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ Soft copy နဲ့ Hard copy တွေကို တင်ပြထားတယ်။ သူတို့ဘက်ကတော့ ဘာမှတုံ့ပြန်တာမရှိသေးဘူး ကျွန်တော်တို့က တင်ပြထားရုံတင်ပြထားတာ” ဟု ဗန်းမောက်ရှမ်းနီစာယဉ်မှ စိုင်းထွန်းမြင့်က ပြောဆိုသည်။
ရှမ်းနီစာပေ KG နဲ့ Grade1 သင်ရိုးညွှန်းတမ်းစာအုပ်ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တိုင်းအစိုးရက အုပ်ရေ သုံးသောင်းကျော် ရိုက်နှိပ်ထုတ်ဝေပေးခဲ့သည်။
ရှမ်းနီအမျိုးသားစာပေညီလာခံမှ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ရှမ်းနီတိုင်းရင်းသားစာပေကို ဘုံသဘောတူညီမှုရရှိရန်အတွက် မုံရွာမြို့မှာ
၂၀၁၈ နဲ့ ၂၀၁၉ မှာ ကျင်းပခဲ့ပါသည်။
ကချင်ပြည်နယ်ထဲက ရှမ်းနီတိုင်းရင်းသား ကျောင်းသား/သူနဲ့ ဆရာ/မတွေအတွက်တော့ ပုံနှိပ်စာအုပ်တွေကို ပြည်နယ်အစိုးရက ရိုက်နှိပ်ပေးထားခြင်းမရှိကြောင်း သိရသည်။