စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ရှိ ရှမ်းနီတိုင်းရင်းသား လူငယ်များနှင့် ရှမ်းနီသံဃာတော် တချို့ စုပေါင်းပြီး ရှမ်းနီလူငယ်ကွန်ရက် ( ဗန်းမောက်) ကို မေလ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ထို့ဖွဲ့စည်းခြင်းကို ဗန်းမောက်မြို့နယ် ပင်ပုံကျေးရွာအုပ်စု မံကုန်းကျေးရွာရှိ မံကုန်းရွာဟိတဓရဓမ္မစကူးလ်းကျောင်းဆောင် တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
” ဗန်းမောက်မြို့နယ်ကသျှမ်းနီလူငယ်ပညာတတ်လေးတွေ စုစုစည်းစည်းနှင့်သျှမ်းနီအမျိုးအချင်းချင်းပရဟိတလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ ၊ တစ်ခြားတိုင်းရင်းသားလူငယ်တွေကသူတို့လူမျိုးရဲ့အမျိုးသားအရေးကိုသိကြသလိုသျှမ်းနီပညာတတ်လူငယ်တွေလဲ အချိန်တန်ဘွဲ့ရ အလုပ်လုပ် အိမ်ထောင်ကျဆိုတဲ့အခြေအနေကနေအိမ်ထောင်မကျခင် အမျိုးအတွက်လုပ်ပေးနိုင်ဖို့ နှင့်အမျိုးချစ်စိတ်တွေရှိလာအောင် သျှမ်းနီလူငယ်ကွန်ရက်ကနေရှေးကနေမားမားမတ်မတ်လုပ်ဆောင်အောင်ပါ ” ဟု ထိုကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ အလင်းရှင် (ဗန်းမောက်) က ဆိုသည် ။
အဆိုပါ ကွန်ရက်သည် ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများ ၊ ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု များကို ထိန်းသိမ်းမြင့်တင်သွားရန် နှင့် ရှမ်းနီတိုင်းရင်းသားမိဘပြည်သူများ၏ လူမှုရေး ၊ စီးပွားရေး များကို ဝိုင်းဝန်းကူညီရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
ထိုကွန်ရက်အဖွဲ့သည် လွန်ခဲ့သည့်နှစ်ကတည်းက ယာယီဖွဲ့စည်းထားမှုများရှိခဲ့ပြီး ယခုအချိန်မှာသာ အတည်တကျပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်။
ဗန်းမောက်မြို့နယ်တွင် ရှမ်းနီတိုင်းရင်းသား အများဆုံးနေထိုင်သည့်မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒုတိယအများဆုံးနေထိုင်သည့်မြို့တစ်မြို့လည်းဖြစ်သည်။