ရှမ်းနီလူငယ်အချင်းချင်းချိတ်ဆက်မှုအောင်းကောင်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီအရေးဆွေးနွေးတဲ့ဖိုရမ်တစ်ခုပြုလုပ်

မေ ၉ ၊ အင်းတော်ကြီး

ရှမ်းနီလူငယ်အချင်းချင်း ချိတ်ဆက်မှုအားကောင်းလာစေရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီအရေးကို ဆွေးနွေးတဲ့ ဖိုရမ်တစ်ခုကို အင်းတော်ကြီးဒေသမှာ မေလ ၆ ရက်နေ့က ၈ ရက်နေ့အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

“ ဖိုရမ်မှာက ဖက်ဒရယ်လစ်ဇင်နဲ့ ဒီမိုကရေစီအကြောင်းတွေဆွေးနွေးခဲ့ရတယ် ။ ၃ ရက်တာမှာအကြောင်းအရာ ၂ ခုကိုဆွေးနွေးခဲ့ကြတယ်။ ဖက်ဒရယ် လစ်ဇင် နဲ့ ဒီမိုကရေစီတွေရဲ့ သွားတဲ့လမ်းကြောင်းတွေအကြောင်း သေချာသိခဲ့တယ်။ အနာဂတ်ဖက်ဒရယ်အတွက် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲဆိုတာ ၊မူဝါဒတွေ ဘယ်လိုဆွဲမလဲဆိုတာ သိလာခဲ့တယ်” လို့ ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ ရှမ်းနီလူငယ်တစ်ဦးဖြစ်တဲ့ နန်းပိုးအိဖြူက ပြောပါတယ်။

ဒီပွဲက ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှုရလဒ်တွေရရှိခဲ့သလို လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းတွေလည်း ပိုမိုရရှိခဲ့တယ်လို့ ဦးဆောင်ပြုလုပ်သူတွေက ဆိုပါတယ်။ 

ဒီဆွေးနွေးပွဲကို ရှမ်းနီမျိုးဆက်သစ်လူငယ်အဖွဲ့ NGSA က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး မိုးညှင်း ၊ မိုးကောင်း ၊ ဖားကန့် ၊ ကာမိုင်း ၊ အင်းတော်ကြီး ဗန်းမောက် စတဲ့ ဒေသက လူငယ်တွေပါဝင်ခဲ့တယ်လို့သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *