ရှမ်းနီအမျိုးသားညီလာခံ ၂၀၂၀မှသာ ကျင်းပနိုင်တော့မည်ဟုဆို

မန္တလေးမြို့၌ကျင်းပခဲ့သည့် ပထမအကြိမ်ညီလာခံ

            ဒုတိယအကြိမ်မြောက်ရှမ်းနီအမျိုးသားညီလာခံကို ၂၀၁၉ ခုနှစ်ဒီဇင်ဘာလတွင် ကျင်းပရန်သဘောတူညီထားကြသော်လည်း ၂၀၂၀ ခုနှစ်မှသာ ကျင်းပနိုင်မည်ဟု ဦးဆောင်ပြုလုပ်မည့်သူများထံမှသိ ရသည်။

            “ကျွန်တော်တို့ဒီဇင်ဘာလထဲမှာလုပ်ဖြစ်ဖို့တော့အကြောင်းမရှိတော့ဘူးပေါ့နော် ။ အဲ့အ တွက်ကိုတော့ ထပ်မံပြီးအစည်းခေါ်ဖို့တော့လုပ်နေတယ်။ အနီးစပ်ဆုံးဆိုရင်တော့ ၂၀၂၀ ထဲမှာဖြစ်သွား မယ် ထင်တယ်။” ရှမ်းနီအမျိုးသားများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ဦးစောဝင်းထွန်းကပြောကြားသည်။

            အဆိုပါ ညီလာခံဖြစ်မြောက်ရေးအတွက် စက်တင်ဘာလ ၈ ရက်နေ့မိုးညှင်းမြို့အရှေ့ကျောင်းပရိ ယတ္တိစာသင်တိုက်တွင်ပြုလုပ်သည့် ရှမ်းနီအမျိုးသားများပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် မြို့နယ် အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲတွင် သဘောဆန္ဒပြုခဲ့ကြသည်။

            ညီလာခံဖြစ်မြောက်နိုင်ရေးအတွက် ရံပုံငွေအခက်အခဲများရှိနေသည်ဟု ရှမ်းနီအမျိုး သားအကျိုး ဆောင်အဖွဲ့မှ ဦးတင်ငွေလေးက ပြောကြားသည်။

            “ အစည်းဝေးလုပ်ပြီးတော့ ပိုက်ဆံပေါ့ကွာ ၊ ရံပုံငွေရှာရအုံးမှာပေါ့ကွာ။ ရှာပြီးတော့လုပ်နိုင်မှာပေါ့ ။အခုလောလောဆယ်တော့ နောက်ဆုတ်သွားပြီ။ဘယ်နေ့လုပ်မလဲဆိုတာ မပြောနိုင်သေးဘူး။ငွေရေး ကြေးရေးပေါ်မူတည်တာပေါ့” ဟု ၎င်းကပြောကြားသည်။

            ဒုတိယအကြိမ်ညီလာခံတွင်ဆွေးနွေးမည့်အကြောင်းအရာများသည် ပထမအကြိမ်မှဆုံး ဖြတ်ထားသည့် အကြောင်းအရာများပါဝင်မည်ဖြစ်ကြောင်း ဦးစောဝင်းထွန်းကဆိုသည်။

            “ပထမအကြိမ်ညီလာခံတုန်းက စဉ်းစားချက်တွေနဲ့တော့သိပ်ပြီးကွာ မယ်မထင်ဘူးပေါ့လေနော် ၊ ပထမအကြိမ်လုပ်ပြီးနောက်ပိုင်းမှာ ဖြစ်ပျက်လာတဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေ တွေပေါ်မှာ မူတည်ပြီးတော့မှ ချမှတ်ကြဖို့တော့ရှိပါတယ်။” ဟု ၎င်းကဆိုသည်။

            ပထမအကြိမ်ညီလာခံကို ၂၀၁၆ ခုနှစ် မတ်လတွင် မန္တလေးမြို့၌ကျင်းပခဲ့ပြီး ရှမ်းနီပြည် နယ်သတ် မှတ်ပေးရန်သဘောတူညီခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *