ရှမ်းနီအမျိုးသားများတပ်မတော် SNA တည်ထောင်ခြင်းက (၃၃) နှစ်ပြည့်လာ 

SNA စစ်သားများကို တွေ့ရစဉ် Photo/SNA

ဇူလိုင် ၅ ၊ ဟုမ္မလင်း 

ဒီနေ့ ဇူလိုင်လ (၅) ရက်နေ့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တည်ထောင်မှုက (၃၃) နှစ်ပြည့်

ခဲ့ပြီလို့ သိရပါတယ်။ 

ကျွန်တော်တို့၃၃နှစ်တာကာလအတွင်းမှာကျွန်တော်တို့ရှမ်းနီအမျိုးသားများတပ်မတော်ကိုကောင်းကောင်းမွန်မွန်တည်ဆောက်နိုင်ခဲ့ပြီ  ပြီးတော့ကျွန်တော်တို့ရှမ်းနီပြည်သူလူထုတွေဆုံးရှုံးနေတဲ့အခွင့်အရေးတွေထဲကကျွန်တော်တို့ရသင့်ရထိုက်တဲ့  အခွင့်အရေးတွေကို  တောင်းဆိုနိုင်အောင်ကြိုးစားနေပြီပေါ့ဗျာ၊ကျွန်တော်တို့ရည်မှန်းချက်ထဲမှာချထားတဲ့ငါးချက်ကိုဖြည်းဖြည်းချင်းပဲလုပ်ကိုင်ဆောင်ရွက်နေတယ်လို့ SNA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းအောင်မိန်းကပြောဆိုပါတယ်။ 

SNA က လက်တွေ့လုပ်ဆောင်နေတဲ့ ရည်မှန်းချက် (၅) ချက်ကိုလည်း အကောင်အထည်ဖော်နေပြီး အဲ့ထဲမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေး ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာရေး နဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွေကိုလည်း ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ချမှတ်ထားတဲ့ ရည်မှန်းချက်တွေထဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စကလည်း ဒေသတွင်းမှာ တဖြည်းဖြည်းလျော့ကျနေပေမယ့်  လုံးဝပပျောက်သွားသည်ထိတော့မရှိသေးဘူးလို့ သူကပြောပါတယ်။ 

SNA ကလက်ရှိ နိုင်ငံရေးအကြပ်အတည်းကာလမှာလည်း  ဒေသတွင်းပြည်သူလူထုတွေအတွက် ဒေသတည်ငြိမ်ရေးကိုသာ ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။ 

SNA က ၁၉၈၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ရှမ်းနီ နဲ့ ရှမ်းမျိုးနွယ်စုတွေနဲ့ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး  လက်ရှိမှာလည်း အဲ့ဒီဒေေသတွေမှာ လှုပ်ရှားနေတာဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *