ရှမ်းနီအသံ၏ မျှော်မှန်းချက်
ရှမ်းနီအသံသည် ရှမ်းနီတို့၏ ပုံရိပ်ဖြစ်သည်။
ရှမ်းနီလူမျိုးများ၏အကြောင်း သတင်းအချက်အလက်များကို ရှမ်းနီလူမျိုးများကိုယ်တိုင် သိရှိပြီး အခြားဒေသရှိပြည်သူများလည်း သိရှိနိုင်ရန် ဖြန့်ဝေပေးနေသည့် ပြည်သူလူထု၏ လွတ်လပ်သော သတင်းမီဒီယာဖြစ်သည်။
ရှမ်းနီအသံ၏ ရပ်တည်ချက် နှင့် လုပ်ငန်းတာဝန်
အစိုးရနှင့် ပြည်သူများအကြားတွင် တိကျမှန်ကန်သော သတင်းအချက်အလက်များကို မာတီမီဒီယာမှတဆင့် အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေသည့် လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းဌာနဖြစ်သည်။
ရှမ်းနီအသံ၏ တန်ဖိုးထားမှုများမှာ
(၁) အချိန်နှင့် တပြေးညီ တင်ဆက်ပေးနိုင်ခြင်း။
(၂) ခိုင်လုံတိကျပြီး ဘက်လိုက်မှုကင်းသော သတင်းများကို တင်ဆက်နိုင်ခြင်း။
(၃) ပြည်သူများအားကိုရသော သတင်းဌာနဖြစ်ခြင်း။
(၄) ရှမ်းနီလူမျိုးများ၏ ယဉ်ကျေးမှု၊ သမိုင်း၊ စာပေများကို တန်ဖိုးထားခြင်း။
(၅) လူ့စွမ်းအားနှင့် သတင်းအရည်အသွေးကောင်းမွန်ခြင်း။
(၆) လူ့အခွင့်အရေးကို တန်ဖိုးထားခြင်း။
(၇) ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်စံနှုန်းများကို အလေးထားတန်ဖိုးထားခြင်း။
ကျွန်ပ်တို့၏ ယုံကြည်ချက်
(၁) မိမိဒေသကို ချစ်ခင်မြတ်နိုးသူများစုစည်းထားပြီး သတင်းလုပ်ငန်းအပေါ် ယုံကြည်ချစ်ခင်သည့် ခံယူချက်များတူညီမှုများကြောင့် မိမိတို့ရည်မှန်းသော ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ပါသည်။
(၂) မှန်ကန်တိကျသော သတင်းအချက်အလက်များကို ရရှိစေခြင်းအားဖြင့် ပြည်သူ၏ ယုံကြည်မှုကို ရရှိလာပြီးဖြစ်ပါသည်။
(၃) ရှမ်းနီအသံ၏ ဖော်ထုတ်ရေးသားနိုင်မှုများကြောင့် ရှမ်းနီလူမျိုးများနှင့် အခြားဒေသရှိ ပြည်သူများ၏ အသိ ပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာမည်ဟုလည်းကောင်း၊ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်များ တိုးတက်မည်ဟု လည်းကောင်း ယုံကြည်ပါသည်။