ရှမ်းနှင့်ကချင်ပြည်နယ်ကမြန်မာစာမတတ်မြောက်တဲ့တိုင်းရင်းသားတွေကိုစာပြန်သင်ပေးဖို့အစီအစဉ်ဆွဲနေ

 စက်တင်ဘာ ၂၇ ၊ မိုးညှင်း 

ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များနှင့်  ပြည်နယ်နှင့်တိုင်းဒေသကြီးတချို့မှာ  မြန်မာစာမတတ်မြောက်သေးတဲ့ တိုင်းရင်းသားများ၊ ကျေးလက်အစွန်အဖျားဒေသမှာရှိတဲ့ပြည်သူများကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက  စာသင်ကြားပေးသွားမယ်လို့  မြန်မာ့အလင်းသတင်းစာကနေ ဖော်ပြလာပါတယ်။ 

အဆိုပါဒေသတွေကို ရုံးသုံးစာဖြစ်တဲ့  မြန်မာစာ မြန်မာစကားအရေး၊ အဖတ်အပြင် အခြေခံ သင်္ချာဘာသာရပ်တွက်ချက်မှုများကိုလည်း သင်ကြားပေးသွားမှာဖြစ်ပြီး ရက်ပေါင်း (၄၀) ကြာ သင်ပြပေးသွားမည်ဖြစ်ကြောင်း ဆိုထားပါတယ်။

စာသင်ကြားမယ့်အစီအစဉ်တွေအနေနဲ့   အသက်၁၅နှစ်နှင့်အထက် လူငယ် ၊အရွယ်ရောက်ပြီးသူများ၊ သက်ကြီးပိုင်းအရွယ်များကို သတ်မှတ်သင်ကြားမည်ဖြစ်ကာ သင်ကြားပို့ချမှုကို အခုနှစ်၂၀၂၃ ဒီဇင်ဘာလတွင် ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဆိုပါတယ်။ 

၂၀၁၉ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ  မြန်မာနိုင်ငံမှာ အသက်၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း ၄.၁သန်းကျော်ရှိပြီး အမျိုးသမီး စာမတတ်သူ ရာခိုင်နှုန်းက အမျိုးသားများထက် မြင့်မားနေတာဖြစ်တယ်ဟု သိရပါတယ်။

တိုင်းရင်းသားဒေသတွေမှာ မြန်မာစာထက် တိုင်းရင်းသားဘာသာစကား၊ စာပေများကိုသာ တတ်မြောက်ကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့  စာတတ်မြောက်မှုနှုန်းမှာ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၈၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးစာတတ်မြောက်မှုရှိခဲ့တယ်လို့  ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *