ရှမ်းပြည်နယ်မှကချင်ပြည်နယ်သို့သယ်ဆောင်လာတဲ့ဘိန်းဖြူတွေကို  မိုးညှင်းမြို့မှာဖမ်းမိ 

ဖေဖော်ဝါရီ ၈ ၊ မိုးညှင်း 

ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်ကို သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ  Express ခရီးသည်တင်မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာမှာ ပလတ်စတစ်ဆပ်ပြာခွက်(၁၇၂၇)ခွက်အတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၂၇ ကီလို ကိုဖမ်းဆီးရမိခဲ့တာလို့ CCDAC က ထုတ်ပြန်ထားပါတယ်။ 

ဒီသိမ်းဆည်းရမိတဲ့  ပမာဏဟာ မိုးညှင်းမြို့နယ်မှာ   ၂၀၂၃ ခုနှစ်အစမှာ အများဆုံးသောပမာဏာတစ်ခုလည်းဖြစ်ပါတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလကလည်း မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဒေသကာလပေါက်စျေး ၆၈၇ သိန်းရှိတဲ့ ဘိန်းဖြူ  ၂.၇၅ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းတိုးလာခဲ့သလို  ဘိန်း နဲ့ ဘိန်းဖြူ ၂.၄ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့  ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့တို့ဆီကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *