ရှမ်းပြည်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်စစ်ရှောင်တစ်သောင်းငါးထောင်ရှိနေ

၂၀၂၁ ခုနှစ်အတွင်းမှာ ရှမ်းပြည်မှာ ဖြစ်ပွားနေတဲ့ RCSS/SSA  နဲ့ SSPP/SSA , TNAL တပ်ပေါင်းစု တိုက်ပွဲတွေကြောင့် နယ်မြေအသီးသီးမှ စစ်ရှောင်  စုစုပေါင်း တစ်သောင်းငါးထောင်ရှိနေကြောင်း  ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းက ပြုစုထားတဲ့ အချက်အလက်အရ သိရပါတယ်။​

ဒီရက်ပိုင်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  စစ်ရှောင် လေးထောင်နီးပါး ပြန်တိုးလာခဲ့တယ်လို့ဆိုပါတယ်။ 

မိုင်းကိုင်မြို့ က ဘုန်းတော်ကြီးကျောင်း (၉) ကျောင်းကို ကျေးရွာအုပ်စု (၅) အုပ်စုမှ ကျေးရွာ (၂၁)ရွာက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ 

တိမ်းရှောင်နေရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေး စုစုပေါင်း သုံးထောင့်ငါးရာကျော်ရှိနေတာလည်းဖြစ်ပါတယ်။​

ထွက်ပြေးတိမ်းရှောင်သူတွေကတော့ ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ဖို့အတွက် အနွေးထည် ၊  စောင်တွေ နဲ့  စားနပ်ရိက္ခာတွေ  လိုအပ်နေကြောင်း သိရပါတယ်။ 

ဒါ့အပြင် ကျောက်မဲ -သီပေါမြို့တို့မှာလည်း တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *