နိုဝင်ဘာ ၆ ၊ လားရှိုး
ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်အတွက် လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး လမ်းကြောင်းဖွင့်ပေးဖို့ ရှမ်းနီတိုင်းရင်းသားများစည်းလုံးညီညွတ်ရေးအစည်းရုံး SNUA က တောင်းဆိုလိုက်ပါတယ်။
စစ်ဘောင်ကျယ်လာတာကြောင့် စစ်ရှောင်ဦးရေတိုးလာခြင်း၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်း ပြတ်တောက်ခြင်း၊ ဆေးဝါးစားနပ်ရိက္ခာ ပြတ်တောက်ခြင်းတွေကြောင့် ကူညီကယ်ဆယ်ရေးလမ်းကြောင်းတွေ ပြုလုပ်ပေးဖို့ နှစ်ဖက်အဖွဲ့စည်းကို တောင်းဆိုထားတာလဲဖြစ်ပါတယ်။
လက်ရှိ စစ်ဘေးရှောင်အရေအတွက် သောင်းနှင့်ချီရှိနေပြီး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ နယ်စပ်စည်းမျဉ်းတွေမှာ ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် လူနေမြို့ရွာတွေမှာတိုက်ပွဲဖော်ဆောင်တာကြောင့် စစ်ဘေးရှောင်တွေ ပိုများလာပြီး ရှမ်းပြည်သူများစွာ စစ်ရှောင်ရှိလာပြီး အပြစ်မဲ့ကြားနေပြည်သူများ အိုးအိမ်များပျက်စီးခြင်း၊ ခြေလက်အင်္ဂါမျးဆုံးရှံးခြင်းသာမက အသက်ဆုံးရှုံးခြင်းတွေပါ ရှိလာနေကြောင်းသိရပါတယ်။
အခုလို လူနေထိုင်တဲ့မြို့ ၊ရပ်ရွာအတွင်း တိုက်ပွဲဖော်ဆောင်မှုဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ IHL နှင့် အပြည်းပြည်ဆိုင်ရာ လူ့အခွင့်ရေးဥပဒေ IRHL တို့ကို ချိုးဖောက်နေကြောင်း SNUA က ထောက်ပြထားပြီး ၎င်းစစ်ပွဲကို အပြင်းအထန်ကန့်ကွက့်ရှုတ်ချကြောင်းလဲ ဆိုထားပါတယ်။
ကိုးကန့်ဒေသ တိုက်ပွဲများကြောင့် နယ်စပ်မျဉ်း BP (၁၂၅) မှာ ခိုလှုံနေသူ ၁၂၀၀၀ ၊ နမ့်ခမ်းမြို့တိုက်ပွဲ စစ်ဘေးရှောင် ထောင့်ငါးရာကျော်၊ လားရှိုးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင် ခြောက်ထောင်ကျော်ရှိ ၊ သိန္နီမြို့နယ်အတွင်းမှာ တစ်သောင်းနီးပါးနဲ့ စုစုပေါင်း ငါးသောင်းနီးပါးရှိတယ်လို့ ရှမ်းနီအသံက စုံစမ်းသိရပါတယ်။