နိုဝင်ဘာ ၂ ၊ မိုင်းလား
ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA , MNDAA, AA တို့ရဲ့ Operation ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲနေရာအနှံ့ဖြစ်ပွားနေပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းမြောက်အရေးမှာ ပါဝင်စွက်ဖက်မှာမဟုတ်ကြောင်း “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ ( UWSP) နှင့် ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွှတ်ရေးကော်မတီ မိုင်းလားအဖွဲ့ (NDAA) က မနေ့က နိုဝင်ဘာလဆန်း တစ်ရက်နေ့မှာပဲ ထုတ်ပြန်ချက်တွေ ထွက်လာပါတယ်။
“ဝ” တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ၎င်းတို့အဖွဲ့အနေဖြင့် စစ်ပွဲရပ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပြီး ၊ မည့်သည့်ဘက်ကိုမှ ပါဝင်တိုက်ခိုက်မည်မဟုတ်ကြောင်း ဆိုထားပါတယ်။
ဒေသတွင်းဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ကူညီမယ်လို့ဆိုထားပေမယ့် နယ်ကျော်လာတဲ့ စစ်ရေးဆိုင်ရာမှန်သမျှ တုံ့ပြန်သွားမယ်လို့လဲ ဆိုထားပါတယ်။
NDAA ကလဲ ရှမ်းမြောက်ပိုင်းတွင်ဖြစ်ပေါ်နေတဲ့ စစ်ရေးပတိပက္ခတွင်း ဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်း ဆိုထားပါတယ်။ ၎င်းတို့ NDAA အနေဖြင့် ဘက်မလိုက်သည့်မူကို ကျင့်သုံးမှာဖြစ်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေးတွက် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းဆိုထားပါတယ်။
ဒါပြင့် တရုတ်မြန်မာနယ်စပ်တစ်လျှောက်ရှမ်းမြောက်ပိုင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်များစွာဖြစ်ပေါ်လာရတာနဲ့ ပြည်သူအသက်အိုးအိမ်များစွက်ပျက်စီးရတဲ့အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်းလဲ ထည့်သွင်း ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ် တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီ စခန်း ၈၀ ကျော် နှင့် မြို့သုံးမြို့ကို သိမ်းပိုက်ထားပြီး စစ်ဘေးရှောင် တစ်သောင်းကျော်ရှိနေတာလည်းဖြစ်ပါတယ်။