လယ်ယာလုပ်ငန်းများစတင်လုပ်ကိုင်နေကြပေမယ့်စိုက်ပျိုးရေးဘဏ်ချေးငွေများမရရှိသေး

ဇွန် ၁၆၊ မိုးကောင်း

မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့မှာ လယ်ယာလုပ်ငန်းများ စတင်လုပ်ကိုင်နေကြပေမယ့် စိုက်ပျိုးရေးဘဏ်ချေးငွေများကို တောင်သူဦးကြီးများက မရရှိသေးကြောင်း ရှမ်းနီအသံက စုံစမ်းသိရှိရပါတယ်။

“ ကျွန်တော်တို့ဘက်ကတော့ မရသေးဘူဗျာ့။ တင်ထားတုန်း။ ခေါ်တော့မခေါ်ခဲ့သေးဘူ။ ဒီနှစ်က လက်ရှိထုတ်နေတာတွေလည်း မကြားမိသေးဘူးဗျာ့။ ဘယ်တော့ခေါ်မလဲတော့ မသိဘူးဗျာ့။” လို့ အင်းတော်ကြီးဒေသက တောင်သူတစ်ဦးက ပြောပါတယ်။ 

စိုက်ပျိုးရေးချေးငွေအဖြစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများကို တစ်ဧက တစ်သိန်းခွဲနှုန်းထုတ်ပေးနေတာဖြစ်ပြီး ယခင်နှစ်က ချေးငွေကို ပြန်မဆပ်ရင်တော့ ထုတ်ပေးခြင်းမရှိဘူးလို့ သိရပါတယ်။

မိုးကောင်းမြို့နယ်မှာလည်း စိုက်ပျိုးရေးချေးငွေရရှိဖို့အတွက် တောင်သူတွေက တင်ပြထားပြီးဖြစ်ပေမယ့် ချေးငွေရဖို့အတွက် စောင့်ဆိုင်းနေရဆဲလို့ ဆိုပါတယ်။

အေး သူတို့ ဟိုက ဆပ်တဲ့သူတော့ ပြန်ထုတ်ပေးမယ်လို့ပြောတာပဲ။ စိုက်ပျိုးရေးဘဏ် ပထမ ထုတ်ထားတဲ့ တစ်ချို့ ပြန်မဆပ်ကြသေးဘူးလေ။ ဆပ်တဲ့သူတော့ ပြန်ထုတ်ပေးမယ် ပြောတာပါ့။ မနှစ်က ကိုဗစ်တုန်းက ချေးထားတာကော ကျေမှ ရမယ်လို့ ပြောတာ သူတို့က အဲ့လို။” 

မိုးကောင်းမြို့နယ် နှင့် မိုးညှင်းမြို့နယ်မှာ  နှစ်စဉ် မိုးစပါး စိုက်ပျိုးဧက နှစ်သိန်းနီးပါးရှိပြီး စပါးအထွက်နှုန်း  တင်းပေါင်း သန်း တစ်ရာ့လေးဆယ်ကျော် ထွက်ရှိတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *