လာမယ့်မိုးလယ်မှာချင်းတွင်းမြစ်ရေ (၂) ကြိမ်စိုးရိမ်ရေအမှတ်ကိုကျော်နိုင် 

လာမယ့်မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်လ နဲ့ ဩဂုတ်လတွေမှာ ချင်းတွမြစ်ရေက စိုးရိမ်ရေအမှတ်ထက် (၂) ကြိမ် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ထားပါတယ်။ 

ချင်းတွင်းမြစ်ရေကြောင်းတစ်လျှောက်က မြို့တွေဖြစ်တဲ့  ခန္တီးမြို့၊ ဟုမ္မလင်း ၊​ ဖောင်းပြင် ၊​မော်လိုက် ၊ ကလေးဝကနေ မုံရွာမြို့အထိ မြစ်ရေစိုးရိမ်ရေအမှတ်ကို ကျော်မယ်လို့ ဇွန်လ ၂၈ ရက်နေ့မှာ မိုးဇလက ခန့်မှန်းချက် ပြန်ထားတာလည်းဖြစ်ပါတယ်။ 

လာမယ့် ဇွန်လထဲမှာ ချင်းတွင်းမြစ်ရေက စိုးရိမ်ရေအမှတ်ကို ကျော်လွန်နိုင်တယ်လို့လည်း ထပ်လောင်းဆိုထားပါတယ်။ 

လက်ရှိချင်းတွင်းမြစ်ရေက စိုးရိမ်ရေအမှတ်ထက်  ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်ရောက်ဖို့  ၉ ပေခန့်လိုနေပြီး ဟုမ္မလင်းမြို့မှာ ၄ ပေခန့်လိုနေပါတယ်။ 

၂၀၂၁ ခုနှစ်မှာတော့ ချင်းတွင်းမြစ်ရေက စိုးရိမ်ရေအမှတ်ကို ရောက်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိခဲ့ဘူးလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

ဧရာဝတီမြစ်ရေကလည်း ဗန်းမော် ၊ ရွှေကူ ကအစ ပြည်မြို့အထိ စိုးရိမ်ရေမှတ် ထက် (၁) ကြိမ်ကျော်လွန်နိုင်တယ်လို့ ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *