လုံးခင်းကျေးရွာရှိစားသောက်ဆိုင်ပိုင်ရှင်ရှမ်းနီအမျိုးသမီးကိုဖမ််းဆီးသွားပြီး(၅)ရက်အကြာမှာပြန်လည်လွှတ်ပေးခဲ့

ဩဂုတ် ၃၁ ၊ ဖားကန့် 

  ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ သဒ္ဒါမူးစားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဒေါ်ရွှေရီကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက  ဖမ်းဆီးခေါ်ဆောင်သွားပြီး (၅)ရက်အကြာမှာ  ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရပါတယ်။

  “ လက်ရှိဖမ်းခံခဲ့ရတဲ့သူကိုက ဘယ်ဘက်ကဖမ်းသွားတယ်ဆိုတာကို ရွာခံတွေကိုလေ သူကိုယ်၌ကကိုမပြောဘူး ။ ၂၉ ရက်နေ့ကပြန်လွှတ်လာတာဟုတ်တယ် ခုလက်ရှိသူ့အိမ်မှာတော့ ရှိတယ်”လို့  လုံးခင်းကျေးရွာသား တစ်ဦးက ပြောပြပါတယ်။

  အဆိုပါစားသောက်ဆိုင်ပိုင်ရှင် ရှမ်းနီအမျိုးသမီးကို  သြဂုတ်လ(၂၅)ရက်နေ့မှာ လက်နက်ကိုင် (၄)ဦးဟာ လာရောက်လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားပြီး သြဂုတ်(၂၉)ရက်နေ့တွင် ပြန်လည်လွှတ်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

  သူ့ကို  ဖမ်းဆီးသွားတဲ့ အဖွဲ့အစည်းအမည်ကို ထုက်ဖော်ပြောဆိုခြင်းမရှိသလို ဘယ်အကြောင်းကိစ္စကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိဘူးလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။ 

  ဒေါ်ရွှေရီက ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်းတွင် လုံးခင်းကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ စည်းရုံးရေးမှုးအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာ အနားယူထားပြီလည်းဖြစ်ပါတယ်။ 

  ဖားကန့်မြို့နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ရှမ်းနီလူငယ်များ၊ အရပ်သားများ ၊လုပ်ငန်းရှင်များ၊​ ဂေါပကများကို အမည်မသိလက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးကြတာဖြစ်ပြီး ပြန်လည်လွှတ်မြောက်လာသူဟာ ဒေါ်ရွှေရီအပါအဝင် (၂) ဦးသာရှိကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *