လူမှုကွန်ရက်မှာ NUG, CRPH, PDF တွေကိုထောက်ခံရင်နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မတွေနဲ့အရေးယူမယ်လို့စစ်ကောင်စီဆို 

စစ်ကောင်စီရဲ့ ၂၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

Facebook အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာ NUG, CRPH, PDF တွေကို ထောက်ခံရင် နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူမယ်လိို့ စစ်ကောင်စီက စက်တင်ဘာ ၂၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

 “facebook မှာ NUG၊ CRPH၊ PDF တွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေ၊ သူတို့ကို အားပေးထောက်ခံသူတွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေကို လိုက်ခ် (Like) တစ်ခု ပေးလိုက်တာပဲဖြစ်ဖြစ်၊ Share (ရှယ် )လုပ်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ခ) နဲ့ ငြိစွန်းပါတယ် အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်”  လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ 

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (ခ) က စစ်ကောင်စီ ပြင်ဆင်ထားတဲ့ ဥပဒေဖြစ်ပြီး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်ထိ ချမှတ်နိုင်တာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့သတင်းစာတွေမှာလည်း လူမှုကွန်ရက်စာမျက်နှာကနေ NUG, CRPH, PDF.   တွေကို ထောက်ခံအားပေးတဲ့ Facebook အကောင့်ပိုင်ရှင်တွေကို အရေးယူထားကြောင်း နေ့စဉ်ထုတ်ပြန်နေတာလည်းတွေ့နေရပါတယ်။ 

စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း လူသုံးများတဲ့ လူမှုကွန်ရက်တွေကို ပိတ်ပင်မှုတွေ ပြုလုပ်ထားပေမယ့်ဆက်လက်ပြီး  ပိတ်ပင်မှုတွေထပ်လုပ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ပြည်တွင်းသုံး လူမှုကွန်ရက်စာမျက်နှာတစ်ခု နှင့် Mtube Streaming Platform တစ်ခုကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်းပြီးကတည်းက လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook, Twitter, Instrgam တွေကို ပိတ်ပင်ထားပြီး သုံးစွဲသူတွေက VPN ခံပြီး အသုံးပြုနေရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *