မတ် ၁၆ ၊ ရန်ကုန်
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၁၆ ရက်နေ့ကစတင်ပြီး လူ ၄၀၀ စုဝေးခွင့် စတင်ခွင့်ပြုလိုက်ပါတယ်။
လူစုလူဝေးတွေနဲ့ပြုလုပ်တဲ့ အလှူပွဲ မင်္ဂလာပွဲတွေက စစ်ကောင်စီက လူစုဝေးခွင့် ကန့်သတ်ထားတဲ့အချိန်မှာပဲ နေ့စဉ်နီးပါးပြလုပ်နေကြဆဲဖြစ်ပါတယ်။
ကိုဗစ်ရောဂါပိုးကြောင့် လူစုဝေးခွင့်တွေကို ကန့်သတ်ထားရမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ လူ ၁၀၀ ဦးအထိ စတင်ဖြေလျော့မှုပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ဘာသာရေးဆိုင်ရာအခမ်းအနားတွေအတွက် လူ ၂၀၀ ဦးထိ စုဝေးခွင့်ကို ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ တိုးမြှင့်ခွင့်ပြုခဲ့ပါတယ်။
ဒီလိုတိုးမြှင့်ခွင့်ပြုမှုတွေက ကိုဗစ်ရောဂါပိုးတွေ့ရှိမှု နည်းပါးလာခြင်းနဲ့ သေဆုံးနှုန်းတွေ ကျဆင်းနေတာကြောင့်လို့ မနေ့က စစ်ကောင်စီက ဆိုပါတယ်။
ဖေဖော်ဝါရီလနောင်းပိုင်းမှာပဲ မြန်မာနိုင်ငံအဝှမ်းမှာ ကိုဗစ်မျိုးကွဲသစ်ဖြစ်တဲ့ အိုမီခရွှန်ရောဂါပိုးသစ်ကို အများအပြားကူးစက်ခံခဲ့ရပြီး နေ့စဉ်စစ်ဆေးမှုအရ ၃ ထောင်ကျော်အထိရှိခဲ့ပါတယ်။
မြေပြင်ကူးစက်မှုတွေကတော့ စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေထက်ပိုများနိုင်တယ်လို့ အဲ့အချိန်တုန်းက ပရိဟိတလုပ်ကိုင်နေသူတွေက ရှမ်းနီအသံကို ပြောဆိုခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ မတ်လ ၂၃ ရက်နေ့ကနေ မနေ့က ၂၀၂၂ ခု မတ်လ ၁၅ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်သူ ငါးသိန်း ခွဲကျော်ရှိပြီး သေဆုံးသူ တစ်သောင်းကိုးထောင်ရှိနေပါတယ်။