သက်ဆိုင်သူအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေးအတွက်အပစ်ရပ်အဖွဲ့တွေဆွေးနွေးနေ 

ဇူလိုင် ၅ ၊ ချင်းမိုင်

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းပြီး သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေးအတွက်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ဆွေးနွေးနေတယ်လို့သိရပါတယ်။ 

ဇူလိုင်လ (၅) ရက်နေ့နဲ့ (၆) ရက်နေ့ နှစ်ရက်သာ ဆွေးနွေးသွားမှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်လာရေး၊ အရပ်သားတွေ အကာအကွယ်ပေးရေး ကိစ္စတွေကို ထိထိရောက်ရောက်အကောင်အထဖော်နိုင်မယ့် နည်းလမ်းတွေချမှတ်နိုင်ဖို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဒီကော်မတီအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းရဲ့  အဖွင့်မိန့်ခွန်းမှာ ပြောထားပါတယ်။ 

PPST က လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို ဒုတိယအကြိမ်ရောက်လာတဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေအကြောင်းပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ 

အထူးကိုယ်စားလှယ်ကိုတင်ပြခဲ့တဲ့ အကြောင်းအရာတွေထဲမှာလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေးအပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီရရှိရေးတို့ကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *