သင်္ကြန်ကာလစစ်ရေးလှုပ်ရှားမှုအရှိန်မြင့်မယ်လို့တမူး PDF ဆို

ဧပြီ ၇ ၊ တမူး 

သင်္ကြန်ကာလအတွင်းမှာ စစ်ကောင်စီဘက်က တိုင်းပြည်ငြိမ်းချမ်းသယောင် ဝါဒဖြန့်ဖို့အတွက် ပွဲတော်ကို စည်စည်ကားကားပြုလုပ်ဖို့  ပြင်ဆင်မှုတွေရှိနေတာကြောင့် စစ်ရေးအရှိန်မြင့်ဖို့လုပ်သွားမယ်လို့ တမူးPDF က ဆိုပါတယ်။ 

တမူးမြို့နယ်အတွင်းမှာ သင်္ကြန်ပွဲတော်မှာ မဏ္ဍပ်ကြီးနှစ်ခုပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်မှုတွေရှိနေတာကြောင့် စစ်ကောင်စီဘက်က ဝါဒဖြန့်မှုတွေမအောင်မြင်ဖို့အတွက် စစ်ရေးအရှိန်မြင့်တာတွေပြုလုပ်မှာဖြစ်တယ်လို့ တမူး PDF တပ်ရင်း -၁ က ဒီနေ့မှာထုတ်ပြန်ပါတယ်။ 

တမူးမြို့နယ်ထဲက ပြည်သူတွေလည်း ဒီသင်္ကြန်ကာလမှာ မဏ္ဍပ်တွေကို မသွားဖို့ ၊ KTV ၊ Praivate Club တွေမှာ ပျော်ပွဲရွှင်ပွဲပြုလုပ်တာတွေ​၊ လူစည်ကားတဲ့နေရာတွေမှာ ရေဆော့ကစားတာတွေမလုပ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ 

တမူး PDF  နဲ့ စစ်ကောင်စီတပ်တွေက တမူးမြို့နယ်အတွင်း တိုက်ပွဲမကြာခဏဖြစ်ပွားမှုတွေရှိနေသလို နှစ်ဖက်ကျဆုံးမှုတွေလည်းရှိနေတယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာသတင်းတွေအရသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *