သင်္ကြန်ပွဲတော်ကို ယူနက်စကို အမွေအနှစ်အဖြစ်သတ်မှတ်

မြန်မာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေနှစ်အဖြစ်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ယခုလ ဒီဇင်ဘာလပိုင်း (၅) ရက်နေ့က မြန်မာ့ယဉ်ကျေးမှုအမွေနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးဌာနကနေ သိထားခဲ့ရပါတယ်။

မြန်မာအတာသင်္ကြန်ခေါ် နှစ်သစ်ကူးရေကစားပွဲတော်ကို စစ်ကောင်စီရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုရေးရာဝန်ကြီးဌာနက ယူနစ်စကိုကော်မတီထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့က ပေးပို့ကာ အမည်စာရင်းတင်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာအတာသင်္ကြန်ကို ယူနစ်စကိုစာရင်းထဲ ထည့်သွင်းရန် ပါရဂွေးနိုင်ငံ၊ (Asunción) အာဆွန်ဆီယန်မြို့မှာ (၁၉)ကြိမ်မြောက်ကျင်းပတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေနှစ်ညီလာခံက ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

မြန်မာသင်္ကြန်နှင့်ဆင်တူသည့် ထိုင်းနိုင်ငံ ဆုန်ခရန်ရေကစားပွဲတော်ကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကပဲ ကမ္ဘာ့ယဉ်ကျေးမှုအမွေနှစ် ယူနစ်စကိုစာရင်းထဲ ထဲ့သွင်းထားခဲ့ပါတယ်။

မြန်မာအတာသင်္ကြန်ရေကစားပွဲတော်ဟာ နှစ်သစ်ကူးကြိုဆိုခြင်းအထိန်းမှတ်ဖြင့်၎င်း၊ အညစ်ကြေးများနှင့်အဆိုးသွမ်းများကို ဆေးကြေသန့်ရှင်းခြင်းရည်ရွယ်ချက်တွေနှင့်ကျင်းပကြတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဆုန်ခရန်ရေကစားပွဲတော်ဟာ ရာသီဥတုနှင့်သင့်တော်ခြင်းအပြင် ဗုဒ္ဓဘာသာရဲ့ သာသနာရေးအယူဆများကို ပိုမိုဦးစားပေးရည်ရွယ်မှုများ ပါရှိနေတာဖြစ်တယ်လို့လဲ သိထားရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မြန်မာ့အတာသင်္ကြန်အပြင် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများပြုလုပ်သည့် သင်္ကြန်ပွဲတော်လည်း ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *