
ဧပြီ ၁၀ ၊ နေပြည်တော်
စစ်ကော်မရှင် ဥက္ကဌ(ဟောင်း) ဦးမင်းအောင်လှိုင်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ ပွဲကို နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
သမ္မတအဖြစ် ဦးမင်းအောင်လှိုင် ၊ ဒု-သမ္မတ (၁) အဖြစ် ဦးညိုစော ၊ ဒု-သမ္မတ (၂) အဖြစ် နန်းနီနီအေးတို့က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။
သူတို့နဲ့ တစ်ပါတည်း လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဝနပြည်ထောင်စုဝန်ကြီး(၃၀) ဦးဟာလည်း တွေဟာလည်း ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။
သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်မှာ ငြိမ်းချမ်းရေး၊ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့အတွက် မိန့်ခွန်းတစ်ရပ်ပြောဆိုခဲ့ပါတယ်။
“ အခုဆို ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်အခြေချပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစနစ်ပိုမိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်သွားရမှဦဖြစ်ပါတယ်။ အစိုးရသစ်အတွက် စိန်ခေါ်မှုများစွာက စောင့်ကြိုနေတာကို ကောင်းစွာသိရှိထားပါတယ်။
ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေးကဏ္ဍတွေ ကို သူတို့အစိုးရလုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကိုအဓိကထားပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် လူမှုရေး၊ ပြန်လည်သင့်မြတ်ရေးတွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့်တွေကိုလည်းစဉ်းစားဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။
“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့်ရရှိရေးတို့ကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။” လို့သူက ပြောပါတယ်။
မနေ့ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ လှုပ်ရှားမှုတွေ စတင်နေတာလည်းဖြစ်ပါတယ်။
