သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီ နတ်ရွာစံ 

သီပေါစော်ဘွားစဝ်ကြာဆိုင်နှင့် မဟာဒေဝီတို့၏ စုလျားရစ်ပတ်ဘိတ်သိပ်အခမ်းအနား

ဖေဖော်ဝါရီ ၇ ၊ ရန်ကုန်

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရဲ့  နောက်ဆုံးစော်ဘွားဖြစ်တဲ့ စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီဟာ လူကြီးရောဂါနဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ နတ်ရွာစံခဲ့တယ်လို့ သိရပါတယ်။ 

အသက် (၉၁) နှစ်အရွယ် မဟာဒေဝီ စဝ်ဆုစန္ဒိီ(ခ) အင်ဂါဆာဂျင့် ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ နတ်ရွာစံခဲ့တာလည်းဖြစ်ပါတယ်။ 

သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ ဩစတြေးယားနိုင်ငံသူ အင်ဂါဆာဂျင့်  တို့ဟာ ၁၉၅၄ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားနေကြတဲ့အချိန် ဖူးစာဆုံခဲ့ပြီး ရှမ်းပြည်ပြန်လာပြီးတဲ့နောက် ဒေသတွင်းဖွံ့ဖြိးရေးတွေကို အတူလုပ်ဆောင်ခဲ့ကြတာလို့ သူမကိုယ်တိုင်ရေးသားခဲ့တဲ့ စာအုပ်မှာဖော်ပြထားပါတယ်။ 

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက် သီပေါစော်ဘွားစဝ်ကြာဆိုင် အဖမ်းခံရကာ ပျောက်ဆုံးသွားပြီး 

 နှစ်နှစ်အကြာ ၁၉၆၄ ခုနှစ်မှာ  မဟာဒေဝီ စဝ်ဆုစန္ဒီ နဲ့ သူ့သမီးနှစ်ဦးတို့ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြရတာလည်းဖြစ်ပါတယ်။ 

စဝ်ဆုစန္ဒီဟာ သူရဲ့ မဟာဒေဝီဘဝနေ့ရက်တွေကို  Twilight Over Burma: My life as a Shan Princess  ဆိုတဲ့ သီပေါစော်ဘွားစဝ်ကြာဆိုင်နဲ့ ဖူးစာဆုံဖြစ်တဲ့အကြောင်း ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအကြောင်း နဲ့   မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးအခြေအနေကစ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းချိန်အထိအကြောင်းအရာတွေပါဝင်တဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ 

သူကိုတိုင်ရေးသားထားတဲ့ စာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကိုလည်း ၂၀၁၆ ခုနှစ်မှာ  မြန်မာနိုင်ငံအတွင်း ပြသဖို့  ပိတ်ပင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *