ဟုမ္မလင်းနောင်ပိုအောင်ရဲစခန်းတိုက်ခိုက်ခံရ

ဧပြီ ၃ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ ရဲစခန်းကို ဧပြီလ ၂ ရက်နေ့မှာ ဟုမ္မလင်း PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ နောင်ပိုအောင်ဒေသခံတွေဆီကနေသိရပါတယ်။ 

မနေ့က ဘယ်အချိန်လဲဆိုလို့ရင် ည ၉ နာရီကျော်လောက် ဘယ်ဘက်ကလဲဆိုရင် KIA+PDF တွေပါ၊ အထိအခိုက်သတင်းကတော့မကြားသေးဘူး။ ပစ်ခတ်မှုက တစ်နာရီလောက်ကြာသွားတယ်။ ၉ နာရီကနေ ၁၀ မတ်တင်းလောက်ကြာသွားတယ်. အပြန်အလှန်ပါ့” လို့ နောင်ပိုအောင်ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။ 

ရဲစခန်းတိုက်ခိုက်ခံရမှုက (၁) နာရီနီးပါးကြာမြင့်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို ဧပြီလ ၃ ရက်နေ့အထိ မသိရှိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ 

  ဒီတိုက်ခိုက်မှုအပြီး ဧပြီလ ၃ ရက်နေ့မှာ  နောင်ပိုအောင်ကျေးရွာအတွင်း တခြားကျေးရွာက ဝင်ထွက်သွားလာလှုပ်ရှားမှု နည်းပါးသွားတယ်လို့ နောင်ပိုအောင်ကျေးရွာရှိစျေးဆိုင်ရောင်းချသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ 

ဟုမ္မလင်းနောင်ပိုင်အောင်ရဲစခန်းတိုက်ခိုက်ခံရမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဟုမ္မလင်း နမ့်တောရဲစခန်းမိုင်းခွဲတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *