ဟုမ္မလင်းမြို့ကိုStay at Home အစီအစဉ်မှ ပယ်ဖျက်

အောက်တိုဘာ ၂၈  ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ကို covid19  ရောဂါတစ်လအတွင်း ရာနှင့်ချီကူးစက်မှုကြောင့် စစ်ကောင်စီက Stay at Home မြို့အဖြစ် ဇူလိုင်လ (၂) ရက်နေ့က စတင်သတ်မှတ်ခဲ့သည်။ 

ထိုသတ်မှတ်ထားသည့်  Stay at Home အစီအစဉ်ကို ယနေ့အောက်တိုဘာလ (၂၈)​ရက်နေ့ကစပြီး ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။ 

ဟုမ္မလင်းမြို့တွင် ယနေ့အထိ ကိုဗစ်ကူးစက်သူ စုစုပေါင်း (၁၇၈၀) အထိရှိခဲ့ပြီး (၉၁) ဦးသေဆုံးခဲ့သည်။ 

ဟုမ္မလင်းမြို့တွင် ကိုဗစ်ရောဂါပိုးသည် စက်တင်ဘာလ မှ အောက်တိုဘာလထိ ကူးစက်သူ (၄၀) ဦးထိသာရှိလာခဲ့ကြောင်း ဟုမ္မလင်းမြို့ကိုဗစ်ကော်မတီ၏ သတင်းထုတ်ပြန်မှုအများအရသိရသည်။ 

Covid19 ကူးစက်မှုလျှော့ကျလာမှုများကြောင့် စစ်ကောင်စီက တိုင်းဒေသကြီး (၆)ခု နှင့်  ပြည်နယ်(​၂) ခုမှ မြို့နယ် (၄၄) မြို့ကို ယနေ့ကစပြီး Stay at Home မြို့နယ်များမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *