ဟုမ္မလင်းမြို့တွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး နှင့် လူ(၂) ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ဇွန် ၁၆ ၊ ဟုမ္မလင်း

ဟုမ္မလင်းမြို့တွင် ကျောင်းထိုင်ဘုန်းကြီး တစ်ပါး နှင့် လူ (၂) ဦးကို စစ်ကောင်စီတပ်များက ယနေ့ ဇွန်လ (၁၆) ရက်နေ့တွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများသည် ဟုမ္မလင်း ‌တောင်ပေါ်ကျောင်းဆရာတော် အရှင် တေဇနိယ ၊ ဦးဝင်းမောင် ( အောင်သမာဓိ ) ၊ နှင့် မဝေဝေထွန်း (MEC) တို့ဖြစ်သည် ။

ဖမ်းဆီးသွားသည့် အကြောင်းအရင်းများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဟုမ္မလင်းမြို့နယ်တွင် နွေဦးတော်လှန်ရေးဆန္ဒပြပွဲများကို မြို့ပေါ် နှင့် စံပြကျေးရွာများတွင် မကြာခဏပြု လုပ်လျှက်ရှိနေသည်။

ဟုမ္မလင်းမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခံထားရသူ စုစုပေါင်း (၇) ဦးထိရှိနေပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *