ဟုမ္မလင်းမြို့နမ်ပတ်ကားကျေးရွာအနီးမှာစစ်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

ဇန်နဝါရီ ၁၉ ၊ ဟုမ္မလင်း

ဟုမ္မလင်းမြို့နယ် နောင်ဖာမူကျေးရွာ အုပ်စု နမ်ပတ်ကားကျေးရွာ နဲ့ နတ်နန်းစျေးတန်း ကြားမှာ မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့  မနက် ၁၁ နာရီခွဲအချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်းသိရပါတယ်။ 

မိုင်းခွဲတိုက်ခိုက်ခံရမှုအပြီး သေနတ်ပစ်ခတ်သံများလည်း ထွက်ပေါ်ခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။​

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို  ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးကြောင်း  ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသော်လည်း ဒေသခံတွေရဲ့ ပြောဆိုမှုအရတော့ သေဆုံးမှုမရှိကြောင်းပြောဆိုကြသည်။ 

ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်က မနေ့က နေစတင်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။​

မနှစ်ကလည်း ဟုမ္မလင်းမြို့နယ်ထဲမှာ ဒလန်ရှင်းလင်းရေးခေါင်းစဉ် နဲ့ ဒေသခံ (၃) ဦးထက်မနည်းသေဆုံးခဲ့ပြီး အဲ့ဖြစ်စဉ်က ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။ 

ဒါ့အပြင် ဟုမ္မလင်းမြို့နယ်ထဲက အထက်ချင်းတွင်းဒေသ ပျောက်ကျားတပ်ဖွဲ့ အမည်ရှိတဲ့ အဖွဲ့ကလည်း ၂၀၂၁ ခုနှစ်ထဲမှာ ပေါ်ထွက်လာပြီး မိုင်တဲတာဝါတိုင် နှစ်တိုင် ကို ဖျက်ဆီးခဲ့တာလည်းဖြစ်ကြောင်း သိရပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *