ဟုမ္မလင်းမြို့နယ်တွင် ဩဂုတ်လဝက်အတွင်း Covid19 ကူးစက်မှု (၅၄၈) ဦးထိရှိပြီး (၂၃) ဦးသေဆုံး

ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်မှ ကိုဗစ်Testkit များဖြင့် ဒေသခံများကို အခမဲ့စစ်ဆေးပေးနေစဉ်

ဩဂုတ် ၁၈ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ယခုဩဂုတ်လဝက်အတွင်း ကူးစက်မှု (၅၄၈) ဦးထိရှိပြီး (၂၃)​ ဦးသေဆုံးထားကြောင်း မြို့နယ်ကိုဗစ်ကော်မတီက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရသိရသည်။​

ယနေ့ ဩဂုတ်လ (၁၈)​ရက်နေ့တွင်လည်း  Covid19 စစ်ဆေးသူ (၂၂) ဦးတွင် (၁၁) ဦးထိ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။ 

ယနေ့ည ထုတ်ပြန်သည့် စာရင်းများအရ ဟုမ္မလင်းမြို့နယ်တွင် ကူးစက်သူ စုစုပေါင်း (၁၅၈၀)  ဦးထိ ရှိနေပြီး သေဆုံးသူ (၇၂)​ ဦးထိရှိကြောင်း  သိရသည်။ 

ကူးစက်မှုမြင့်တက်လာခြင်းသည် ကိုဗစ်ရောဂါပိုး၏ မျိုးရိုးဗီဇများနှင့် သက်ဆိုင်မှုများရှိသကဲ့သို့ ဟုမ္မလင်းမြို့နယ်အတွင်း ရွှေမှော်ဒေသများတွင် ကူးသန်းသွားလာမှုများပြားခြင်းကြောင့်လည်း ထိန်းချုပ်ရန်ခက်ခဲခြင်းဖြစ်သည်ဟု ပရိဟိတလုပ်ကိုင်နေသူ တစ်ဦးကဆိုသည်။ 

Covid19 ရောဂါပိုး စစ်ဆေးမှုများကို ဟုမ္မလင်းမြို့နယ် ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ နှင့် ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်တို့မှ ဆောင်ရွက်ကြခြင်းဖြစ်သည်။ 

ဟုမ္မလင်းမြို့နယ်ကို စစ်ကောင်စီက Covid19 ‌ရောဂါပိုးအတည်ပြုလူနာ (၂၆၅) ဦးထိရှိလာခဲ့ပြီးနောက် Stay at Home မြို့နယ်အဖြစ် ဇူလိုင်လ (၂) ရက်နေ့ညတွင် ကြေညာခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *