ဟုမ္မလင်းမြို့နယ်နောင်ပိုအောင်ကျေးရွာကဒေသခံတစ်ဦးရဲ့နေအိမ်လက်လုပ်မိုင်းပစ်ပေါက်ခြိမ်းခြောက်ခံရ  

ဧပြီ ၁၅  ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာက ဒေသခံတစ်ဦးရဲ့ နေအိမ်ကို အမည်မသိလူတစ်စုက လက်လုပ်မိုင်းနဲ့ အိမ်ရှေ့မှာလာရောက်ပစ်သွားတဲ့ကြောင်း သိရပါတယ်။ 

“ မနေ့က (ဧပြီ ၁၃ ရက်နေ့ ) ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ဆိုင်ကယ်နဲ့လာလုပ်သွားတယ်။ ကော် ၊ သစ်သားနဲ့ ယမ်းထည့်ထားတဲ့ အသံမိုင်း ၊ ပျက်စီးတာကတော့ အိမ်ရှေ့လှေခါးနည်းနည်းပဲ့သွားတယ်”  လို့ ထိုအိမ်ရှင်ကပြောဆိုပါတယ်။ 

ပစ်ပေါက်တဲ့အဖွဲ့က မည်သည့်အတွက်ကြောင့်လာရောက်ပစ်တာကို မသိပဲ ခြိမ်းခြောက်တဲ့ သဘောဆောင်နေကြောင်း သူက ဆိုပါတယ်။ 

လက်လုပ်မိုင်းနဲ့ ပစ်ခတ်ခံရတဲ့ မိသားစုက ကျေးရွာအတွင်းမှာ စျေးရောင်းဝယ်ခြင်းနဲ့ အသက်မွှေးဝမ်းကြောင်းပြုနေသူတွေဖြစ်ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။

နောင်ပိုအောင်ကျေးရွာမှာ မတ်လထဲမှာပဲ ဓာတ်ဆီဆိုင်ပိုင်ရှင်တစ်ဦး သေနတ်နဲ့အနီးကပ်လုပ််ကြံခံရမှုတွေရှိသလို ၊ ဧပြီလ ပထမပတ်ထဲမှာပဲ  ဘုန်းတော်ကြီးကျောင်း ၊ဘုရားအနီး နဲ့ တံတားထိပ်တွေမှာ လက်လုပ်မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *