ဇန်နဝါရီ ၂၆ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် မုန်းကလိကျေးရွာအနီးမှာ ရှိတဲ့ ရွှေမျှောဖောင်ငါးဖောင်ကို ဇန်နဝါရီလ(၂၅)ရက်က နေ့လည်ပိုင်းက စစ်ကောင်စီက မီးရိူ့ဖျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရပါတယ်။
မီးရှို့ခံရတဲ့ ရွှေမျှောဖောင်တွေထဲက ဖောင်သုံးဖောင်မှာ ချင်းတွင်းမြစ်နှင့်ဉရုချောင်းဆုံရာအနီးမှာရှိတဲ့ ကျွန်းပေါ်မှာ ရွှေတူးဖော်နေကြပြီး ကျန်တဲ့ နှစ်ဖောင်က ဉရုချောင်းတစ်နေရာမှဖောင်းပြင်ကို ပြောင်းရွှေ့နေတဲ့ ရွှောမျော ဖောင်များဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီကျွန်းပေါ်တွင်ဒေသခံများကသီးနှံများ မြေပဲများစိုက်ပျိုးလုပ်ကိုင်လျက်ရှိနေပါတယ်။
ဒီလိုရွှေမျှောတွေလာရောက်တူးဖော်မှုတွေကြောင့် စိုက်ပျိုးမြေတွေ ပျက်ဆီးသွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီမှအာဏာသိမ်းပြီးနောက်ပိုင်းရွှေတူးဖော်မှုများက ဉရုချောင်းတစ်လျှောက်ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာခဲ့ကြပါတယ်။
ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လွန်ခဲ့တဲ့ရက်ပိုင်းမှာလည်း ချင်းတွင်းမြစ်ကမ်းရှိ ခေါင်ခမ်းကျွန်းပေါ် စစ်ကောင်စီချထားပေးမယ့် ရွှေတူးဖော်မှုတွေကို တားမြစ်ကြောင်း စာတစ်စောင် ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။