ဟုမ္မလင်းမြို့မှာကိုဗစ်ရောဂါပိုးပြန်လည်စစ်ဆေးတွေ့ရှိပြန် 

စေတနာ့ဝန်ထမ်းတစ်ဦး ပိုးသတ်ဆေးဖြန်းနေစဉ်

ဟုမ္မလင်းမြို့က နောင်ပုကျစ်ရပ်ကွက်မှာ ရပ်ကွက်နေပြည်သူတွေ ၈၄ ဦးကို စစ်ဆေးရာမှာ (၁၀) ဦးမှာ Covid19 ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

၂၀၂၁ ခုနှစ် အောက်တိုဘာလနောက်ဆုံးအပတ်ထဲက ကိုဗစ်ရောဂါပိုး ဒေသတွင်းကနေ ပျောက်သွားပြီးနောက် မနေ့ ဖေဖော်ဝါရီ (၄) ရက်နေ့ စစ်ဆေးရာမှာ ပြန်လည်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

မနေ့က စစ်ဆေးခဲ့တဲ့ နောင်ပကျစ်ရပ်ကွက်မှာ နေထိုင်သူအများစုက ကိုဗစ်ကာကွယ်ဆေးထိုးနှံထားခြင်းမရှိကြောင်းလည်း ဟုမ္မလင်း ကျန်းမာရေးဌာနက နေသိရပါတယ်။ 

ဟုမ္မလင်းမြို့မှာ ဒီရက််ပိုင်း ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်ပါမှ မြို့ပေါ်ကို ဖြတ်သန်းသွားလာလို့ရမယ်လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။ 

ကတ်သာကျေးရွာဘက်ခြမ်းမှာ ဟုမ္မလင်းမြို့ပေါ်ကိုသွားမယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါမှ ဟုမ္မလင်းမြို့ကို ပေးဝင်ကြောင်း ပြောဆိုပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ နေထိုင်သူ စာရင်းတွေအရ နှစ်သိန်းကျော်ရှိတဲ့ထဲ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ နှစ်သောင်းခြောက်ထောင်ကျော်သာရှိသေးကြောင်း ဟုမ္မလင်းပြည်သူ့ကျန်းမာရေးဌာနကနေသိရပါတယ်။ 

ကိုဗစ် တတိယလှိုင်းမှာ ဟုမ္မလင်းမြို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်သူစုစုပေါင်း ၁၇၈၀ ဦးထိရှိခဲ့ပြီး သေဆုံးသူ တစ်ရာနီးပါးရှိခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *