ဟုမ္မလင်းမြို့မှာကြက်ဥတစ်ထောင်ဖိုး (၃) လုံးသာရပြီး 

အခြေခံကုန်စျေးနှုန်းတွေမြင့်တက် 

ဩဂုတ် ၂၄ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ငွေကျပ်တစ်ထောင်နဲ့ ကြက်ဥ (၃) သုံးသာဝယ်လို့ရပြီး အခြေခံကုန်စျေးနှုန်းတွေ ဒီကာလမှာ မြင့်တက်လာနေတယ်လို့ အိမ်ရှင်မတွေဆီကနေသိရပါတယ်။ 

“ ကြက်ဥ တထောင်ဖိုး ၃လုံး ၊ ခရမ်းချဉ်သီးတစ်ပိဿာ (၃) ထောင်၊ ပဲဆီတစ်ပုံး တစ်သိန်းခွဲ ၊ ဆန်တစ်အိတ်ကို ငါးသောင်းခွဲ  အဆင်မပြေကြဘူး ၊ စျေးရောင်းတဲ့သူရော ၊စျေးဝယ်တဲ့သူရော ညီးညူကြတာပေါ့” ဟုမ္မလင်းမြို့ နောင်ပိုအောင်ရွာက အိမ်ရှင်မ တစ်ဦးက ပြောပြပါတယ်။ 

အခြေခံစားသောက်ကုန်စျေးနှုန်းတွေက တစ်ဆကျော်ထိ မြင့်တက်လာခဲ့တယ်လို့လည်း ဆိုကြပါတယ်။ 

ဟုမ္မလင်းမြို့မှာ လယ်ယာလုပ်ငန်း ၊ ရွှေမျှောတူးဖော်ရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေရပြီး  အခြေခံ စားသောက်ကုန်တွေအတွက် မန္တလေးမြို့နဲ့မုံရွာမြို့တွေကို အားထားနေရတာလည်းဖြစ်ပါတယ်။ 

ရေလမ်း ၊ ကုန်းလမ်းကြောင်းတွေမှာ တိုက်ပွဲဖြစ်ပွားနေမှု ၊ ကုန်စည် စီးဆင်းမှု ပြတ်တောက်ခြင်းတွေကြောင့် ဒီလိုမြင့်တက်လာတာလို့လည်းဆိုကြပါတယ်။ 

စစ်ရေးတမျိုး စီးပွားရေးကတမျိုးနဲ့ နေရတာကို ဒီအခြေအနေကြီးမှာ အားငယ်စရာကြီး၊ ဘယ်သူ့အားကိုးလို့ အားကိုးရမှန်းမသိဘူး” လို့ အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။ 

ဟုမ္မလင်းမြို့မှာ စက်သုံးဆီစျေး ၊ စားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်လာမှုကြောင့် ဒေသခံတွေ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရတယ်လို့လည်း ဆိုကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *