မတ် ၅ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့ရှိ စည်ပင်သာယာရေးကော်မတီဝင် (၆) ဦးက ယနေ့ မတ်လ (၅) ရက်နေ့က စတင်ပြီး CDM လုပ်ရှားမှုတွင် ပါဝင်လာကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားကြသည်။
ထို့ပြင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး (၁၃) ဦးကလည်း ဒီနေ့က စတင်ပြီး CDM တွင်ပါဝင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားထားကြသည်။
သစ်တောဌာန နှင့် မြေစာရင်း ဌာနမှ ဝန်ထမ်း (၁၉) ဦးလည်း ယနေ့တွင် CDM လုပ်ရှားမှု၌ ပါဝင်လာခဲ့ကြသည်။
CDM တွင်ပါဝင်သူများ၏ သဘောထားထုတ်ပြန်ချက်များတွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် လုပ်ငန်းများ ထမ်းဆောင်လို့သည့် ဆန္ဒမရှိခြင်းနှင့် ရွေးကောက်ထားသည့် အစိုးရ ကို အာဏာပြန်လွဲမှ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဟု ရေးထားထုတ်ပြန်ထားကြသည်။
စစ်ကောင်စီက အာဏာသိမ်းထားပြီး ရက်ပိုင်းအကြာတွင် ကျန်းမာရေးဝန်ထမ်းများ ၊ ပညာရေးဝန်ထမ်းများ ကစတင်ပြီး CDM လှုပ်ရှားမှုကို စတင်ခဲ့ကြခြင်းဖြစ်သည်။