ဟောင်ပါးကျေးရွာအုပ်စုကရှမ်းနီယဉ်ကျေးမှုအကဆရာတစ်ဦးဖမ်းဆီးခံရ 

ဇူလိုင် ၃၁ ၊ ဟောင်ပါး 

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု  နမ့်ပါဟုတ်ကျေးရွာမှာနေထိုင်တဲ့ ရှမ်းနီယဉ်ကျေးမှု အကဆရာ စိုင်းရေကျော်ကို လူတစ်စုကဖမ်းဆီးသွားတယ်လို့  ဇူလိုင်လ ၃၀ ရက်နေ့မှာ သူ့မိသားစုတွေနဲ့ စာပေယဉ်ကျေးမှုကော်မတီတွေဆီကနေ သိရပါတယ်။ 

“ သူက အစ်မတို့ကို လာခေါ်တာ ဟောင်ပါးနေတော့ ဟောင်ပါးမှာလိုက်အိပ်ဖို့ခေါ်တာ အစ်မတို့ကိုသူက ။ အစ်မကကျူရှင်သင်တော့ တနင်္ဂနွေနေ့က ပိတ်တယ်။  တနင်္လာနေ့မှာပြန်ခဲ့တဲ့ သူ့ကိုပြောပြီးမှ အိမ်ထဲဝင်လိုက်တာ ကလေးအဝတ်အစားတွေထုပ်မယ်ပေါ့ ၊ အဝတ်အစားတောင်မထုတ်ရသေးဘူး အဲ့မှာ သူ့ကို ရိုက်ပြီးတော့ တစ်ခါတည်း ကားပေါ်တင်သွားတော့တာပဲ ။ လေးငါးခြောက်ယောက်လောက်ပါတယ် ၊ အစ်မတို့လည်း အပြင်ထွက်တာနဲ့ ရိုက်နက်ပြီးတော့မှာ တစ်ခါတည်းသူ့ကို ကားပေါ်တင်သွားတော့ပဲ” လို့ ကိုရေကျော်ရဲ့ ဇနီးက ပြောပြပါတယ်။ 

သူ့ကိုဖမ်းဆီးသွားတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျမသိရှိကြသေးသလို အဆက်အသွယ်လည်း မရေသေးဘူး  ပြောဆိုကြပါတယ်။ 

သူဖမ်းဆီးသွားသူတွေက KIA  အဖွဲ့ကဖြစ်တယ်လို့ ဆွေမျိုးနီးစပ်သူတွေနဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေက  ပြောဆိုနေကြပေမယ့်  သူ့ဆွေမျိုးတွေက နမ့်ပါဟုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက တဆင့် KIA ဘက်ကို မေးကြည့်ရာ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ 

သူ့ဆွေမျိုးတွေကလည်း  PDF တွေဘက်ကိုစုံစမ်းမှုတွေပြုလုပ်ပေမယ့်လည်း စုံစမ်းလို့မရသေးဘူးလို့သိရပါတယ်။ 

စိုင်းရေကျော်က ဟောင်ပါးကျေးရွာအုပ်စု ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖားကန် ၊ ဟောင်းပါး ၊ တာခံ စတဲ့ဒေသတွေက  ရှမ်းနီအဆိုအကတွေကို လိုက်လံသင်ကြားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ 

ဒါ့အပြင်  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအပါအဝင် ပရိဟိတလုပ်ငန်းတွေကိုမျိုးစုံမှာ ပါဝင်နေသူတစ်ဦးလို့လည်း သိရပါတယ်။ 

ဟောင်ပါးကျေးရွာအုပ်စုမှာ ဇွန်လကုန်ပိုင်းကလည်း စာပေနှင့်ယဉ်ကျေးမှု နာယကဖြစ်သူ ဦးသန်းဖေလည်း သေနတ်နဲ့ ပစ်ခတ်ခံရပြီးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *