အကယ်ဒမီမီးလင်းရွှေစျေးသိန်းနှစ်ဆယ်ကျော်ကိုပြန်ရောက်လာ 

မေ ၁၆ ၊ ရှမ်းနီအသံ 

မေလ ၁၆ ရက်နေ့မှာ အကယ်ဒမီ မီးလင်းရွှေစျေး ကျပ်သိန်းနှစ်ဆယ် လေးသောင်းနှစ်ထောင်စျေး ရောက်ရှိခဲ့တယ်လို့ ရန်ကုန် ရွှေလုပ်ငန်းရှင်တွေက စျေးဖွင့်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေစျေးကလည်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၀၉ ဖြစ်နေပါတယ်။ 

ရွှေစျေးနှုန်းနှင့်  ရွှေစျေးကွက် တည်ငြိမ်စေရေးအတွက် YGEA စျေးနှုန်းတည်ငြိမ်ရေး ကော်မတီမှတာဝန်ရှိသူတွေက  အသင်းသားတွေနဲ့ စျေးကွက်မဖွင့်မီ ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ 

ရွှေတွင်းလိုင်စင်ရှိတဲ့သူတွေနဲ့  ဆက်သွယ်ပြီး ရွှေဝယ်ယူမှုတွေကို ဆောင်ရွက်ဖို့အပြင်  နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများတွင် တိုင်းနှင့်ပြည်နယ်အသင်းများဆက်သွယ်ပြီး တားဆီးဆောင်ရွက်ဖို့လည်း ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

မေလ ၁၂ ရက်နေ့က အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို တစ်ဆယ့်ကိုးသိန်းခုနှစ်သောင်း ခြောက်ထောင့်ငါးရာဖြစ်ခဲ့ပြီဂ အဲ့အချိန်က ကမ္ဘာ့ရွှေစျေး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၅၄ ဒေါ်လာဖြစ်ခဲ့ပါတယ်။ 

ရွှေစျေးတွေက ကမ္ဘာ့ရွှေစျေးမြင့်တက်ခဲ့တဲ့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲတွေပြီးနောက်မှာ ၁၉ သိန်းကျော်နဲ့ သိန်း ၂၀ ကျော်ကနေ ပြန်မကျသေးတာလည်းဖြစ်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်းလာပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး မြန်မာ့အခေါက်ရွှေစျေးကလည်း  စံချိန်တင်စျေး ၂၂၂၀၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *