
မတ် ၁၁ ၊ အင်းတော်ကြီး
တပေါင်းလဆန်း (၈)ရက် ၊ မတ်လ ၉ ရက်နေ့ကနေ စတင်ကျင်းပပြုလုပ်တဲ့ ၁၃၅ ကြိမ်မြောက် အင်းတော်ကြီးရွှေမဉ္ဇူရေလည်ဘုရားပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် အကျဉ်းချုံ့တာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
နှစ်စဉ်ပြုလုပ်နေတဲ့ ပဠာန်းဖွင့်ပွဲနေ့မှာလည်း အင်းတော်ကြီးကန် ဝဲယာမှာရှိတဲ့ ရှမ်းနီတိုင်းရင်းသားတွေနဲ့ သံဃာတော်တွေကို ဦးဆောင်ဖွင့်လှစ်ခဲ့ကြပါတယ်။
ဖွင့်ပွဲမှာ ပါဝင်ခဲ့တဲ့ အင်းတော်ကြီးဒေသရှမ်းနီယဥ်ကျေးမှုအကအဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်ညွှန့်ရီ ပြောပြတာက “ သူတို့ဖိတ်လည်းမဖိတ်ဘူး ဒါပေမယ့်လဆန်း (၈)ရက်နေ့က နှစ်စဉ်နှစ်တိုင်း ပွဲတော်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူနေကြလေ။ ပွဲမဖြစ်ပေမယ့် ပဌာန်းဖွင့်ပွဲ အခမ်းအနားရှိတဲ့ အတွက် စုပေါင်းသွားပြီးဝိုင်းဝန်းလုပ်ကြတာပေါ့” လို့ပြောပါတယ်။
အင်းတော်ကြီးဘုရားပွဲကို ၂၀၂၁ ခုနှစ်မှာလည်း တစ်နှစ်ရပ်နားခဲ့သလို ဒီနှစ်မှာလည်း ထပ်မံရပ်နားခဲ့ပြီး ဒေသခံတွေက အကျဉ်းချုံ့တာကျင်းပကြတာဖြစ်ပါတယ်။
ပွဲတော်မဖြစ်ပေမယ့် လမယ့်လပြည့်နေ့မှာ အင်းတော်ကြီးဒေသက ရှမ်းနီတိုင်းရင်းသားတွေက ရေလည်ဘုရားမှာ ဆွမ်းတော်ကပ်လှူတာတွေပြုလုပ်ကြမှာပါ။
အင်းတော်ကြီးဘုရားပွဲကျင်းပတဲ့ နှစ်တိုင်းမှာ မြန်မာပြည့်အနှံ့အပြားက ဘုရားပွဲလာရောက်သူ သိန်းနဲ့ချီရှိတာလည်းဖြစ်ပါတယ်။